ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၁၈)နှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၈)ခရိုင်အသက်(၁၈)နှစ်​အောက် အမျိုးသားဘောလုံးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံး အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့်  ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သည့်  ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည့် အတွက်  ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများသည် အားကစား သမားကောင်း ပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့် ဉာဏ်ရည် ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်ရပါကြောင်း၊ ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနဲ့ ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့် ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်တွေကိုပါ ဘက်စုံထောင့်စုံက အတွဲညီစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်နှင့် တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်" မှာကြားခဲ့သည်။ 

ဆက်လက်၍ စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုပြီးနောက် အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက်  ဖျာပုံခရိုင်အသင်းနှင့် မြန်အောင်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဖျာပုံခရိုင်အသင်းက မြန်အောင် ခရိုင်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

22-May-2023