မြစိမ်းရောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဘဒ္ဒန္တဣဿရိယ၏ သက်တော်နှစ်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲအထိမ်းအမှတ် ပင့်သံဃာအပါး(၁၀၀၀)ဖြင့် ဘုရားအနေကဇာတင်ခြင်း၊ ဆွမ်း၊ သင်္ကန်း၊ ဝတ္ထု၊ဆေးနှင့် လှူဖွယ်ပစ္စည်းအဝဝတို့ကို ဆက်ကပ်လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာအခမ်းအနားအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြို့နယ်၊ မြစိမ်းရောင်တောင်တော်ရှိပေ(၁၀၀)(၂၀၀)တန်ဆောင်းတော်ကြီး၌ ပြုလုပ်သော အနန္တကျေးဇူးတော်ရှင် မြစိမ်းရောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဣဿရိယ ၏ သက်တော်နှစ်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲအထိမ်းအမှတ် ပင့်သံဃာအပါး(၁၀၀၀)ဖြင့် ဘုရားအနေကဇာတင်ခြင်း၊ ဆွမ်း၊ သင်္ကန်း၊ ဝတ္ထု၊ဆေးနှင့် လှူဖွယ်ပစ္စည်းအဝဝတို့ကို ဆက်ကပ်လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
ဦးစွာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဣဿရိယ ဗိမာန်တော်ရှိ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားဖူးမြော်ကြည်ညိုခဲ့ကြပြီး ဗိမာန်တော်တွင်သီတင်းသုံးကြသည့် သံဃာတော်များအား နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ အမရဝတီဆင်ဖြူတောင်စေတီရင်ပြင်တော်တွင် သံဃာတော်အရှင်သူမြတ်များမှ ဘုရားအနေကဇာတင်မင်္ဂလာဆင်ယင်ကျင်းပနေမှုများအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး မြတိဂုံစေတီတော်အားဖူးမြော်ကြည်ညိုခဲ့ကြကာ သံဃာတော်အရှင်သူမြတ်များမှ ဘုရားအနေကဇာတင်မင်္ဂလာဆင်ယင်ကျင်းပနေမှုများအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထို့နောက်အနန္တကျေးဇူးတော်ရှင် မြစိမ်းရောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဣဿရိယ ၏ သက်တော်နှစ်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲအထိမ်းအမှတ် ပင့်သံဃာအပါး(၁၀၀၀)ဖြင့် ဘုရားအနေကဇာတင်ခြင်း၊ ဆွမ်း၊ သင်္ကန်း၊ ဝတ္ထု၊ဆေးနှင့် လှူဖွယ်ပစ္စည်းအဝဝတို့ကို ဆက်ကပ်လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာအခမ်းအနား စတင်ကျင်းပရာ “နမော တဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ပိဋကသုံးပုံနိကာယ်စာသင်တိုက်၊ပဓာနနာယက ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကဧရာဝတီ မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ မဟာထေရ်အရှင်သူမြတ်မှ ငါးပါးသီလနှင့် သမ္မောဒနီယဩဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊မန်းငြိမ်းမောင် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရန်ကင်းမြို့နယ် မေဒိနီ ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒအား လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မြောင်းမြမြို့၊ဇေယျမေဒနီပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အလယ်တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသီဟ၊ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကမော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘုတလင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယနှင့် တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက နောင်ချိုဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ မဟာထေရ်မြတ်တို့အား လှူဖွယ်ပစ္စည်းများအား ဆက်လက်လှူဒါန်းခဲ့သည်။
ထို့နောက် မြောင်းမြခရိုင်အတွင်းရှိ တောင်သူများ စားရေရိက္ခာပေါများရေးတွက်ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှ ဦးကျော်စွာ + ဒေါ်အေးစီ(ချမ်းမြေ့ဆန်စက်)မိသားစုမှ လှူဒါန်းသော မျိုးကောင်းမျိုးသန့်မျိုးစပါး ဇီရာလုံးသေး(ပန်းနှံစား) တင်း(၁၅၀၀)ကို အလှူရှင်များကိုယ်စား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် ဇနီးတို့မှလည်းကောင်း၊ ပင့်သံဃာအပါး(၁,၀၀၀)အား (၁)ပါးလျှင်(၁၀၀၀၀)နှုန်းဖြင့် လှူဒါန်းငွေသိန်း(၁၀၀)ကျပ်နှင့် သင်္ကန်းအစုံ(၁၀၀၀)စာအတွက် လှူဒါန်းငွေ သိန်း(၁၀၀) စုစုပေါင်း ကျပ်သိန်း(၂၀၀)အား အလှူရှင် ဒေါ်ညွန့်ယဉ်ဝင်းမိသားစုတို့ကလှူဒါန်းပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း ၊ ပင့်သံဃာအပါး(၁၀၀၀)အား (၁)ပါးလျှင် (၂၀,၀၀၀)ကျပ်နှုန်းဖြင့်လှူဒါန်းငွေ ကျပ်သိန်း(၂၀၀)အား အလှူရှင်များကိုယ်စား အလှူရှင်(၂)ဦးကပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကလည်းကောင်း၊ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း ကွန်ကရစ်လမ်းခင်းရန်အတွက် ရန်ကုန်မြို့နေ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ဦးစိုးသန်းထွန်း(လူမှုထူးချွန်- တတိယအဆင့်)+ ဒေါ်ခင်မေသန်း (ပွင့်သစ်စမ်း)မိသားစုတို့က လှူဒါန်းငွေ ကျပ်သိန်း(၁၀၀)အား လှူဒါန်းပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း၊ မြစိမ်းရောင်သာသနာ့နယ်မြေရှိ နန်းတော်ဦး-ပြည်လုံးကပ်ကာ ဘုရားလမ်းအတွက် ဦးတင်နိုင်ထွန်း+ဒေါ်မြမြဌေး၊သမီး မအေးမြစိမ်းကြည် မိသားစုတို့က လှူဒါန်းငွေ ကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းပေးအပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမျိုးညွန့်ဦးကလည်းကောင်းလက်ခံရယူခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အလယ်တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။