မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာရှိ စစ်တန့်ဦးအောင်ပွဲရစေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်တင်လှူပူဇော်

မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာရှိ စစ်တန့်ဦးအောင်ပွဲရစေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ အလှူရှင် ဘုရားဒါယိကာ၊ ဒါယိကာမမိသားစုနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မြောင်းမြမြို့၊ဇေယျမေဒနီပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ရတနာပစ္စည်းများအား စိန်ဖူးတော်အတွင်းသို့ထည့်သွင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မြောင်းမြမြို့၊ဇေယျမေဒနီပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရ ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဘုရားဒါယိကာ၊ဒါယိကာများနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များကိုပင့်ဆောင်၍ ဒေဝါဝင်း၊ရာဇာဝင်းတို့ဖြင့် စေတီတော်အားလက်ယာရစ် သုံးကြိမ်လှည့်လည်ပူဇော်သည်။
ဆက်လက်၍ အခမ်းအနားမှူးက “မင်္ဂလာအခါတော်”ဟုကြွေးကြော်လိုက်သည်နှင့်တပြိုင်နက် တာဝန်ရှိသူများက ရွှေထီးတော်ထမဘုံအဆင့်၊ဒုတိယဘုံအဆင့်၊တတိယဘုံအဆင့်များကို တင်လှူပူဇော်ခဲ့ကြသည်။