ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အခြေခံပညာကျောင်းများဖွင့်လှစ်ရန်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီအသင့်ဖြစ်စေရေး သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့်စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ခြင်းများနှင့်အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား တစ်တိုင်းလုံးအနေဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့်ပြည်သူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းများသို့ သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား နယ်မြေခံတပ်ရင်း ၊ တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့်စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ခြင်းများနှင့်အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများအချိန်မီပြီးစီးစေရေးဆောင်ရွက်ရန်၊ သစ်ပင်ကိုင်းများခုတ်ထွင်ရှင်းလင်း၍ အလင်းရောင်ကောင်းစွာရရှိစေရေးဆောင်ရွက်ရန်နှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။