ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်သို့သွားရောက်၍ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လပွတ္တာခရိုင်မီးသတ်စခန်းသို့​ရောက်ရှိ၍ သဘာဝ​ဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွာရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ရှာ​ဖွေကူညီကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်​ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများနှင့်  ၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စက်ယန္တရားများစုစည်းထားရှိမှုများအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပါသည်။ 

ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် လပွတ္တာခရိုင်​သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီ နှင့်​တွေ့ဆုံပွဲသို့ တက်​ရောက်ခဲ့ပြီး ခရိုင်​သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဌမှသဘာဝ​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား အ​သေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဓိကအားဖြင့် ပင်လမ်းကမ်းစပ်၊ မြစ်​ကမ်းစပ်အနီးရှိ ​ကျေးရွာများမှ ​ဒေသခံများ၊ ​​ကျေးရွာတာဝန်ခံများနှင့် ဆက်သွယ်​ရေးပြတ်​တောက်မှုမရှိ​စေ​ရေး ​ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ တပ်မ​တော်၊ ရဲတပ်ဖွဲ့များနှင့် ဆက်သွယ်​ဆောင်ရွက်ထားရှိရန်၊ သဘာဝ​ဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်မှုအနည်းဆုံးဖြစ်​အောင် ​ကြိုတင်ပြင်ဆင်​ဆောင်ရွက်ရမှာဖြစ်​ကြောင်း၊ ​ကော်မတီဝင်များအ​နေဖြင့် လုပ်ငန်းတာဝန်များခွဲ​ဝေ၍ ​ကျေးရွာအလိုက် သိရှိ​အောင်​ဆောင်ရွက်ကြရန်၊ cyclone shelter ၊ School cun shelter များတွင် စားရေရိက္ခာများ၊ ဆေးဝါးပစ္စည်းများ၊ ကယ်ဆယ်​ရေးပစ္စည်းများ ဖြည့်တင်း​ဆောင်ရွက်ထားရှိရန်၊ ​လူ၊ တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိ​စေ​ရေး အ​လေးထား​ဆောင်ရွက်ရန်နှင့် ​ကျေးရွာများ​အ​ရောက် အသိပညာ​ပေးလုပ်ငန်းများ၊ လက်​ကမ်းစာ​​စောင်များ ဖြန့်​ဝေ​ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ဇင်ရွဲ​လေး​ကျေးရွာ၊ school cun shulter သို့​ရောက်ရှိ၍ သောက်သုံးရေ၊ ဆန်၊ ထင်း၊ ​​လောင်စာ​တောင့်များ ကြိုတင် ပြင်ဆင်​စု​ဆောင်း ထားရှိမှုအ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး စား၊ရေ၊ ရိက္ခါများလုံလောက်စွာထားရှိစေရေးသက်ကြီးဘိုးဘွားများ၊ ကလေးငယ်များ စောလျင်စွာပြောင်းရွှေ့ထားစေရေးမှာကြားခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ သင်္ကန်းကြီးကျေးရွာ၊ school cun shulter သို့​ရောက်ရှိ၍ ကြိုတင် ပြင်ဆင်​ဆောက်ရွက်ထားရှိမှုအ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး ​သောက်​ရေ၊ သုံး​ရေများလုံ​လောက်စွာရရှိ​ရေး၊ သန့်ရှင်း​ရေးလုပ်ငန်းများစနစ်တကျ​ဆောင်ရွက်​ရေး၊ ပြည်သူများ မုန်တိုင်း​ရှောင်ကာလအတွင်း ၄င်းတို့၏ ​ကျေးရွာများရှိ ​အိုးအိမ်ပစ္စည်းများလုံခြုံမှုရှိ​စေ​ရန် လုံခြုံ​ရေးအဖွဲ့များ ​ပူး​ပေါင်းဆောင်ရွက်​ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

08-May-2023