(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် မူကြိုကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မူကြိုကျောင်းဆောင်သစ်ကြီးအားဆောက်လုပ်ပြီးစီးပြီး ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်၍ ကလေးငယ်များအတွက် များစွာအကျိုးရှိစေမှာဖြစ်ပါကြောင်း၊ မူကြိုကလေးငယ်များသည်သိချင်တတ်ချင်စိတ်၊ စူးစမ်းလေ့လာချင်စိတ်များတဲ့အရွယ်ဖြစ်၍ ရုပ်ပိုင်းဆိုင်ရာများ၊ သင်ကြားပြသရေးဆိုင်ရာပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်လိုပါကြောင်းနှင့် ကျောင်းဆောင်သစ်ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မှာကြားခဲ့ပြီးနောက် ဆောက်လုပ်ရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ ကျောင်းဆောက်သစ်နှင့်ပက်သတ်သည့်စာရွက်သာတမ်းများအား ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မူကြိုကလေးငယ်များပျော်ရွှင်စွာဆော့ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ်များနှင့်ဆရာမများအတွက် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ အဆိုပါ မူကြိုကျောင်းအား ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး (၉၀×၃၀×၁၂)ပေ၊ (၆၀×၃၀×၂၄)ပေ L ပုံစံ RC နှစ်ထပ် အဆောက်အဦဖြစ်ကြောင်းသိရသည်။