ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အိမ်မဲမြို့နယ်၊ မြောင်းမြမြို့နယ်များသို့ ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (အရှည် ၃၀၀ပေ၊အကျယ်၂၅ပေနှင့် ထု၆လက်မ) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်ရှိ အိမ်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (အရှည် ၄.၃၅ဖာလုံ၊အကျယ်၁၂ပေနှင့် ထု ၇လက်မ)ရှိ မြောင်းမြ-အိမ်မဲကားလမ်းဘေးမှ ရွာသစ်-ပဒက်ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်းသစ်အား ဆက်လက်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အိမ်မဲမြို့နယ်၊ ကျားနဖူးကျေးရွာရှိ နွေစပါးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် စိုက်နည်းစနစ်စမ်းသပ်ကွက်၊ မျိုးယှဉ်ပြိုင်ကွက်၊ မျိုးစေ့ထုတ်စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှင့် တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးတို့က အိမ်မဲမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထွက်ရှိမှုအခြေအနေများ ရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်ဧက တင်း၁၀၀ အထက် ထွက်ရှိနိုင်သည့် ဧကများပိုမိုတိုးတက်လာစေရေး၊ တစ်သီးစိုက်မှ နှစ်သီးစိုက်၊သုံးသီးစိုက်ဧကများအဖြစ်တိုးတက်စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။
ထို့နောက် မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ နေကြာသီးနှံစံပြကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး တို့ကမြောင်းမြမြို့နယ်၏ ၂၀၂၂- ၂၀၂၃ခုနှစ် လယ်ယာကဏ္ဍသီးနှံစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများအားရှင်းလင်းတင်ပြရာ အရည်အသွေးပြည့် သီးနှံများ တိုးချဲ့ထုတ်လုပ်နိုင်ရေးမှာကြားခဲ့ပြီးတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် (အရှည်မှာ ၀/၇မိုင်၊အကျယ်၁၂နှင့် ထု၇လက်မ) ရှိ ကညင်ကုန်း -ကျွဲခြံဝ ကွန်ကရစ်လမ်းသစ်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် (အရှည် ၀/၇မိုင်၊အကျယ်၁၂ပေနှင့် ထု ၇လက်မ)ရှိ ဇလပ်ကွင်း-ပိန္နဲကုန်း ကွန်ကရစ်လမ်းအား ဆက်လက်ဖွင့်လှစ်ပေးသည်။ယင်းနောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ကံ့ကော်မြိုင်ရပ်ကွက်၊ကံ့ကော်မြိုင်(၆)လမ်း ကွန်ကရစ်လမ်းသစ်နှင့် မြရတနာရပ်ကွက်၊နဝရတ်လမ်း ကတ္တရာရေပိတ်လွှာခင်းလမ်းပိုင်းနှင့် နဝရတ်လမ်း (စက်မှုဇုန်အပိုင်း)ကွန်ကရစ်လမ်းအပိုင်း လမ်းသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား ဝန်ကြီးချုပ်ထံပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါဖွင့်လှစ်သော လမ်းများမှ ကံ့ကော်မြိုင်လမ်းသည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဘဏ္ဍာရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ တို့ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး စုစုပေါင်းလမ်းအရှည် ၂၂၀၀ပေ၊အကျယ်၁၂ပေနှင့် ထု၆လက်မရှိပြီး နဝရတ်လမ်း (ကတ္တရာရေပိတ်လွှာခင်းလမ်းပိုင်း)မှာ ၄၆၀၀ပေ၊အကျယ်၁၄ပေနှင့် ထု၈လက်မရှိပြီး နဝရတ်လမ်း (စက်မှုဇုန်အပိုင်း)မှာ လမ်းအရှည် ၁၄၈၀ပေ၊ အကျယ် ၁၄ပေနှင့်ထု ၈လက်မရှိကြောင်းသိရသည်။ အဆိုပါလမ်းများဖွင့်လှစ်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်းသိရှိရသည်။