ကွန်ကရစ်လမ်းခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀)ပေ၊ အကျယ် (၈)ပေအား ကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀)ပေ၊အကျယ်( ၈)ပေ အားကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းနှင့် လက်ယန်းတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျနှင့်အချိန်မီပြီးစီးစေရေးနှင့် ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ အလျား ၁၇၀၀ပေ×အကျယ်၈ပေကွန်ကရစ်လူသွားလမ်းအား ရေရှည်ခိုင်ခံ့စေရေးနှင့် ပန်းအလှပင်များနှင့် မြက်ပင်များစိုက်ပျိုးနေမှုများ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျစိုက်ပျိုးထားရှိရေးနှင့် စိမ်းလန်းသာယာမှုရှိစေရေးတို့အား မှာကြားခဲ့သည်။
.jpg)
.jpg)
.jpg)