(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆီဆုံကုန်း-ကြို့ကုန်းကွန်ကရစ်တံတားသစ်အားတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး တံတားအရှည် ၆၀ပေ၊တံတားအကျယ် ၁၄ပေရှိသောဆီဆုံကုန်း-ကြို့ကုန်းကွန်ကရစ်တံတားသစ်အား တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်တံတားသစ်အား လှည့်လည်ကြည့်ရှုဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါတံတားသည် ဆီဆုံကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၃ရွာနှင့်ကြို့ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ၃ရွာတို့အားဆက်သွယ်ပေးထားပြီး အိမ်ခြေ ၄၁၃အိမ်နှင့် လူဦးရေ ၂၁၇၀ဦးတို့အတွက် အကျိုးပြုသောတံတားဖြစ်ကာ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအထောက်အကူပြုနိုင်ဖြစ်မှာဖြစ်ကြောင်းသိရသည်။