ရေကြည်မြို့၏ကျက်သရေဆောင် သမိုင်းဝင် ဒီပါရုမ်နောင်တော်ကြီး စေတီတော်မြတ်၏ ထီးတော်တင်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၏ကျက်သရေဆောင်သမိုင်းဝင်ဒီပါရုမ်နောင်တော်ကြီး စေတီတော်မြတ်၏ ထီးတော်တင်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊တိုင်းဒေသကြီးဥပဒေချုပ်၊ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒီပါရုမ်နောင်တော်ကြီး စေတီတော်မြတ်၏ ထီးတော်တင်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များသည် တိုင်းသံဃနာယက ဥက္ကဋ္ဌ (မူလဒွါရ)ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုဆက်လက် နာယူကြည်ညိုခဲ့ကြသည်။
ယင်းနောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်များကို စေတီတော်မြတ်အား လက်ယာရစ်ပူဇော်ကန်တော့၍ ပန်းရထားစင်သို့ ပင့်ဆောင်ခဲ့ပြီး ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား မင်္ဂလာပန်းရထားဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်ဧည့်ပရိသတ်အပေါင်းတို့နှင့် ထီးတော်တင်အဖွဲ့တို့မှ တင်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းသံဃနာယက ဥက္ကဋ္ဌ (မူလဒွါရ)ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်မှ သံဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့်အတူ ဗုဒ္ဓဘိသေကဘုရားအနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းခဲ့ပြီးနောက် အကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးက အလှူတော်ငွေစာရင်းနှင့် ဝမ်းမြောက်ဖွယ်ရာများအား လျှောက်ထားပူဇော်ခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဥပဒေချုပ်တို့က ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ မင်္ဂလာရာမကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ပြီး ရေစက်ချမင်္ဂလာအခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော် ( ကမ္မဋ္ဌာန်းနည်းပြတတိယအဆင့်) ရရှိတော်မူသော ရေကြည်မြို့၊ ဗထူးရပ်ကွက်၊ မြစည်မဟာ စည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏ အရှင်မြတ်အား ဖူးမြော်ကြည်ညို၍ ဘာသာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီး လှူဘွယ်ပစ္စည်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့သည်။