၁၃၈၄ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၁၃၈၄ခုနှစ်၊ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ ၁၃၈၄ခုနှစ်၊မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မဟာသင်္ကြန်ပွဲ‌တော် ကျင်းပရေးဦးစီးကော်မတီ များနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“၁၃၈၄ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့် အားသာချက်များအားနမူနာယူ၍ အားနည်းချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြည်သူများ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကမ်းနားလမ်းတလျှောက်ကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ ပြည်သူများအန္တရာယ်ကင်းစွာ ရေကစားနိုင်ရေး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ယိမ်းအဖွဲ့များ၊‌ဖျော်ဖြေရေးအဖွဲ့များအား ပြင်ဆင်မှုကောင်းကောင်းဖြင့်   ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေနိုင်ရေး အစီအမံများချမှတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ အသံပိုင်းဆိုင်ရာနှင့် မဏ္ဍပ်တည်ဆောက်မှုတွင်လည်း ယခင်နှစ်အားနည်းချက်များအား ပြုပြင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ပြည်သူများ‌အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် ရေစုဆောင်းမှု၊သိုလှောင်မှု၊ သုံးစွဲမှုများအား အစီအမံများချမှတ်ဆောင်ရွက်ရန်လိုပါကြောင်း၊မဟာသင်္ကြန်ပွဲ‌တော် ကျင်းပနေစဉ်ကာလအတွင်း ရိုက်ကူးရေးကိစ္စများကိုလည်း ကြိုတင်ပြင်ဆင် အချိန်မီဆောင်ရွက်ရန်လိုပါကြောင်း၊ယိမ်းပြိုင်ပွဲဝင်များအနေဖြင့်လည်း မိမိတို့၏ ကိုယ်ပိုင်ရေး/ဆိုတေးသီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊မဟာင်္ကြန်ပွဲတော်အား သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် မှတ်တမ်းမှတ်ရာများ ကျန်ရှိစေရေးအတွက် ယခင်နှစ်အတွေ့အကြုံများနှင့် အကြံပြုချက်များအား ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း”အဖွင့်အမှာစကားများပြောကြားသည်။

ထို့နောက် မဟာသင်္ကြန်ပွဲ‌တော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက ဦးစီးကော်မတီလုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုများနှင့် ယခင်နှစ်တွင် ကျင်းပခဲ့သည့် မဟာသင်္ကြန်ပွဲတော်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ယိမ်းပြိုင်ပွဲနှင့်ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊သက်ကြီးပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊စာရင်းစစ်ဆေးရေးကော်မတီ၊သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ပို့ဆောင်ရေးလုပ်ငန်းကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့်အထွေ‌ထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

10-Mar-2023