ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်) စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) (၆)လသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဆေးဘက်ကျွမ်းကျင်-၄(ဓာတ်မှန်/ဆေးစပ်)စိစစ်ရေးမှူး-၄(ဆေးမှတ်တမ်း)သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယနေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲသည် ကျန်းမာရေးအတွက် အဓိကကျသည့် သင်တန်းတစ်ခုဖြစ်ပြီး ကိုးထပ်ဆောင် ပြည်သူ့ဆေးရုံသစ်ကြီးသည်ဖွင့်လှစ်ပြီးနောက်ပိုင်း ပိုမိုအနှစ်သာရပြည့်ဝသည့် ဆေးရုံကြီးတစ်ခုအဖြစ်တွေ့ရှိရပါကြောင်း၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးပညာနှီးနွယ်တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ နိုင်ငံတော်ပံ့ပိုးမှုဖြင့် ပညာသင်ကြားပို့ချခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံကြီးများ၌လည်း အကူသူနာပြုသင်တန်းများ၊ ကျွမ်းကျင်ဝန်ထမ်းသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ အရည်အသွေးပြည့်ဝည့် ဓာတ်မှန်ပညာ၊ ဆေးစပ်ပညာ၊ ဆေးမှတ်တမ်းပညာများကို လေ့လာသင်ယူကြပြီး အရည်အချင်းပြည့်ဝစွာနဲ့ အောင်မြင်ခဲ့ကြတဲ့အတွက် ယခုလို သင်တန်းဆင်းပွဲကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပံ့ပိုးပေးခဲ့ကြသည့် မိဘဆရာသမားများနှင့် လက်တွေ့လေ့လာခွင့်ရအောင် ပံ့ပိုးပေးပါသောတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ လေ့လာဆည်းပူးခွင့်ရအောင် စီစဉ်ပေးပါသော ဆေးရုံအုပ်ကြီး၊ဆရာဝန်ကြီးများနှင့် သင်တန်းဆရာ/မများနှင့် ည သင်တန်းဖွင့်လှစ်ပေးပါသောနိုင်ငံတော်အစိုးရ တို့အား ကျေးဇူးတင်ရမှာ ဖြစ်ပါကြောင်း၊ ဆေးရုံများသည် ဆရာဝန်၊သူနာပြု၊ ဓါတ်မှန်ရိုက်ခြင်း၊ ဓါတ်ခွဲခြင်းနှင့် ဆေးဘက်ဆိုင်ရာအထောက်အကူပြု လုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ဆေးမှတ်တမ်း လုပ်ငန်းများနှင့် အခြားသောဝန်ထမ်းများပါရှိသော ကျန်းမာရေးအရည်အချင်းပြည့်ဝသည့် စောင့်ရှောက်မှု အဖွဲ့အစည်းဖြစ်ပါကြောင်းနှင့် အရေးပေါ်လူနာများ၊ ထိခိုက်ဒဏ်ရာရလူနာများ၊ ရောဂါပြင်းထန်သောလူနာများ၊ နာလန်ထလူနာများအစရှိသည်တို့ကိုကုသရေးဆိုင်ရာဝန်ဆောင်မှု (Curative Services) များသာမကကျန်းမာမှုမြှင့်တင်ခြင်း (Health promotion)၊ ရောဂါကာကွယ်တားဆီးခြင်း (Preventive Services) ၊ နာလန်ထလူနာများအားစောင့်ရှောက်ခြင်း (Rehabilitative Services) လုပ်ငန်းများကိုပါဝန်ဆောင်မှုပေးသည့် ဌာနတစ်ခုလည်းဖြစ်ပါကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများစီမံခန့်ခွဲမှုသည် ဆေးရုံအတွက် အရေးကြီးပါကြောင်းနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများအနေဖြင့် Medical Store Management ကို တိကျစွာ ဆောင်ရွက်နေတာကိုလည်းသိရှိရပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်-၄(ဓါတ်မှန်/ဆေးစပ်)၊ စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) ဝန်ထမ်းများသည် နိုင်ငံတော်၏ လိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှာ ဖြည့်တင်းလုပ်ကိုင်ရင်း မိမိအပါအဝင် မိသားစုပတ်ဝန်းကျင်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် အလုပ်အကျွေးပြုပြီး ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဦးဆောင်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ပါစေကြောင်း”သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသား သင်တန်းသူများအားထောက်ပံ့ငွေပေးအပ်ခဲ့ရာ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။