တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများအား တိုင်ဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်၊ကြခတ်ကုန်းကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP Phase-II)ဖြင့်ဆောင်ရွက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ( ၂၃ )အိမ်မှ အိမ်ထောင်စု (၂၃)စုတို့ လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP Phase-II)ဖြင့်ဆောင်ရွက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော ကလတောင်ချွန်း၊ ကလတောင် ကလမြောက်)ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးတွင် ၈၅ ရာခိုင်နှုန်းမှာကျေးလက်နေပြည်သူများဖြစ်ရာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ (Solar Mini Grid)စီမံကိန်း၊ တစ်အိမ်ထောင်သုံးဆိုလာစနစ်(SHS) စသည်တို့ဖြင့် ကျေးလက်ဒေသများတွင်မီးလင်းရေးလုပ်ငန်းများကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စပါးအပါအဝင်စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးဆောင်ရွက်လျက်ရှိပြီးဆီဖူလုံရေးအတွက်လည်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံများကိုယ်စား ကလကျေးရွာဇာတိ ဝါးခယ်မဦးရဲမောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျေးရွာအတွင်း မီတာတပ်ဆင်ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျေးရွာများ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ(၅၇ )အိမ်မှ အိမ်ထောင်စု(၅၇ )စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။