ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့၊ ရွှေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၁၅.၉.၂၀၁၇) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ရွှေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်အခမ်းအနားသို့ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံ Managing Director မှ မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်ဆိုင်ရာ အကြောင်းအရာများတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြီးမြတ်သောမြန်မာ (3D)ရုပ်ရှင်ကားအား ကြည့်ရှု့အားပေးခဲ့ကြပါသည်။

15-Sep-2017