ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း ​ ဇလွန်မြို့မာရ်​အောင်မြင်ပြည်​တော်ပြန် ရုပ်ရှင်တော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲ​တော်ဖွင့်ပွဲ တက်​ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့ မာရ်​အောင်မြင်ပြည်​တော်ပြန် ရုပ် ရှင်တော် မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲ​တော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း​၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် အတူ တက်​ရောက်ဖွင့်လှစ်ခဲ့ကြသည်။

ဦးစွာ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း၊ သယံဇာ​ရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမှု​ရေးရာဝန်ကြီး ဦး​မောင်​မောင်းသန်း၊ လမ်းပန်းဆက်​ရေးဝန်ကြီး ရဲမှူးကြီးတင်​ဇော်ထွန်း၊ အစိုးရအဖွဲ့အတွင်း​ရေးမှူး ဦး​ဝေဇင်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး  ဘုရားကြီးဂန္ဓကုဋိတိုက်​တော်တွင် သြဝါဒါစရိယဆရာ​တော်ကြီးများအား လှူဖွယ်ဝတ္ထုဆက်ကပ်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားကို န​မောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဇလွန်မြို့၊ လယ်ဦး​ကျောင်းတိုက်ဆရာ​တော် ဘဒ္ဒန္တဝိသာရဓ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ​ဆောက်တည်ခဲ့ကြကာ သြဝါဒါစရိယဆရာ​တော်ကြီးများက ပရိတ်တရား​တော်များ ရွတ်ပွားချီးမြှင့်​တော်မူခဲ့ကြပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်ဦးတင်​မောင်ဝင်းက သာသနာ​ရေးဆိုင်ရာများ ​လျှောက်ထားခဲ့ပါသည်။

ထို့​နောက်  သြဝါဒါစရိယဆရာ​တော်ကြီးများအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်မှ ဦး​ဆောင်၍ နဝကမ္မ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးကုသိုလ်ကောင်း မှုအစုစုတို့အတွက် နု​မောဒနာတရား​နာကြားခဲ့ပြီး ​ရေစက်သွန်းချအမျှ​အပေး​ဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆ်ိုဆု​တောင်း၍ အခမ်းအနား​အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက  မာရ်​အောင်မြင်ပြည်​တော်ပြန် ရုပ်ရှင်တော် မြတ်ကြီးအား ပန်း၊ မုန့်ဆွမ်း၊ သစ်သီးဆွမ်းနှင့် ရွှေသင်္ကန်းများဆက်ကပ်လှူဒါန်းခဲ့ကြ၍ လက်ျာရစ်လှည့်လည်ပူဇော်ခဲ့ပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့ကာ ဘုရားဖူးလာကြသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

27-Feb-2023