၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တွေ့ဆုံအားပေး

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ များအားတွေ့ဆုံအားပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သာပေါင်းမြို့နယ်၊စက်ဒေါင့်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊မြတ်ပညာခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့်မိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စက်ဒေါင့်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်အခြေအနေများနှင့် ကျောင်း၏ပညာရေးဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက်  တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များနှင့်ပတ်သက်၍လည်း လက်တွေ့သရုပ်ပြဆွေးနွေးပို့ချပေးခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း  မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ အားနည်းသည့်ဘာသာရပ်များကို ပိုမိုအားဖြည့်ဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ မလျော့သောဇွဲလုံ့လဖြင့် အစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေး ကိုလည်းအထူးဂရုပြုကြရန်၊ ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်း များစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်လိုပါကြောင်း" အားပေးစကားများပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာသို့သွားရောက်၍ အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများအပြီးသတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုရားကြီးတည်ဆောက်ရေးတာဝန်ခံမှ တည်ဆောက်ရေးလုပ်ငန်းများအပြီးသတ်ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးရန်၊ လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။

ထို့နောက် ဘုရားကြီးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများအချိန်မီပြီးစီးစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဘုရားကြီးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းတမံတည်ဆောင်ခြင်းလုပ်ငန်း (၁၈၀)ပေ ဆောင်ရွက်မည့်အစီအမံများအား ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြမှုအပေါ်  အချိန်မီဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်းသိရသည်။

25-Feb-2023