မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ နိုင်ငံ​တော်အ​နေဖြင့်လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်​စေရန်မူဝါဒ၊ရည်မှန်းချက်များချမှတ်ကာမြန်မာနိုင်ငံလူငယ်​ရေးရာဗဟို​ကော်မတီနှင့် တိုင်း​ဒေသကြီး/ပြည်နယ်လူငယ်​ရေးရာ​ကော်မတီတို့ကိုပြင်ဆင်ဖွဲ့စည်း​ဆောင်ရွက်ခဲ့ပြီး​နောက်ဗဟို​ကော်မတီနှင့်တိုင်း​ဒေသကြီးလူငယ် ​ရေးရာ​ကော်မတီတို့ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းဖြစ်ပါ​ကြောင်း၊ အနာဂတ်တာ၀န်များကိုပခုံး​ပြောင်းထမ်း​ဆောင်ကြမယ့်လူငယ်များကိုဘက်​ပေါင်းစုံအရည်အ​သွေးပြည့်၀လာ​စေရန်စနစ်တကျပြုစုပျိုး​ထောင်း​ပေးရမည်ဖြစ်​ကြောင်း​၊ ကော်မတီ၀င်များအ​နေဖြင့်မိမိတို့ဌာနအလိုက်အ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိ​ပြီးလူငယ်​ရေးရာ​ကော်မတီကိုဖွဲ့စည်းနိုင်မှု​ကြောင့်မူဝါဒရည်မှန်းချက်များအ​ပေါ်ပီပြင်စွာအ​ကောင်အထည်​ဖော်နိုင်မည်ဖြစ်ပါ​ကြောင်း​ ” အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းက လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူးက ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက အထွေထွေဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

22-Feb-2023