တက္ကသိုလ်၊ဒီဂရီကောလိပ်ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်တက္ကသိုလ်ဇုန် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲဲ့ ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် တက္ကသိုလ်၊ဒီဂရီကောလိပ်ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တက္ကသိုလ်၊ဒီဂရီကောလိပ်ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်တက္ကသိုလ်ဇုန် အမျိုးသားဘောလုံးအသင်း
အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“အားကစားသမားများအနေဖြင့် အသင်းအဖွဲ့ စိတ်ဓာတ်၊ အချိတ်အဆက် မျှမျှတတဖြင့် ကြိုးစားယှဉ်ပြိုင် သွားကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ အာဟာရပြည့်ဝသည့် အစားအစာများကို စားသောက်ရန်၊ အသင်းအုပ်ချုပ်သူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် အောင်ပွဲများရရှိပြီး တိုင်းဒေသကြီးနှင့် တက္ကသိုလ်ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး” မှာကြားခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများအား အောင်နိုင်ရေးအလံနှင့်ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်း အထိ အလျား(၆၁၀) ပေမြေသားတာဘောင်ဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားအမာခံရရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။