ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပုသိမ်မြို့ရှိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးအမှူးပြုသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား အခြေခံကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကုသိုလ်ယူဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပုသိမ်မြို့ရှိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးအမှူးပြုသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား အခြေခံကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်တွင် ကုသိုလ်ယူဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသွားရောက်ပေးအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးနှင့်ဆေးရုံဝန်ထမ်းများက ဆရာတော်ကြီးများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့် ဆီးစစ်ခြင်း၊ သွေးစစ်ခြင်း၊ Ultrasound၊ ECG၊ X -Ray များဖြင့် ရောဂါရှာဖွေခြင်းလုပ်ငန်းများ ကုသိုလ်ယူဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာတော်ကြီးများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေးဆောင်ရွက်မှုများအား တင်ပြလျှောက်ထားခဲ့ပါသည်။ ထို့နောက် ဆေးရုံအတွင်းလူနာများအားကုသပေးနေမှုများနှင့်ပြင်ပမှဆေးရုံလာရောက်၍ ဆေးရုံ ပြသ မှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာများနှင့်တွေ့ဆုံအားပေး စကားများပြောကြားခဲ့သည်။

ဆက်လက်၍  ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းဖြေကျောင်းသားကျောင်းသူများအတွက်အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှု စစ်ဆေးခြင်း Grade 11(သင်ရိုးဟောင်း) စာမေးပွဲ )နှင့် (ပြင်ပဖြေဆိုမည့်ကျောင်းသူကျောင်းသားများအတွက်အကြိုလေ့ကျင့်စာမေးပွဲ ဖြေဆိုလျက်ရှိသည့် ပုသိမ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။

ထို့အတူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၏ စာမေးပွဲ ဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုစေနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်တွင် အတွင်းဖြေ ၇၈၁၀ဦး၊ ပြင်ပဖြေ ၁၄၂၆၃ဦး စုစုပေါင်းဖြေဆိုသူ ၂၂၀၇၃ဦး ဖြေဆိုမှာ ဖြစ်ကြောင်းသိရသည်။

14-Feb-2023