တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျောင်းကုန်းမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့ရာမြို့နယ်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက်  တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအားထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကာ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

အလားတူ ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပြီး  တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအားထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကာ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး  ဘာသာရပ်သင်ဆရာဆရာမများမှ အောင်ချက်မြင့်မားရေးသင်ကြားပို့ချနေမှုများလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယင်းသို့တွေ့ဆုံအားပေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပညာရေးကိုလိုလားကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ယခုကဲ့သို့စုစည်းတွေ့ရှိရခြင်းကြောင့် မိမိတို့အနေဖြင့်များစွာဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသည်  ၅၂.၁၆ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ပြီး ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာမွေးထုတ်ပေးနိုင်သည့် အလားအလာကောင်းများရှိနေပါကြောင်း ၊ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့်အထက်တန်းပြဆ ရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းတွင်း၊ ပြင်ပဖြေဆိုမည့်ကျောင်းသားကျောင်းသူများအတွက် ကျောင်းတက်ရက်များတွင်အချိန်ပိုသင်ကြားပေးခြင်းအပြင် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များပါ အချိန်ပိုသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများက မိမိတို့၏သားသမီးများအား ၏ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရေး အခွင့်အရေးပေးရန်လိုပါကြောင်း၊ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်၊ ဘာသာရပ်များကို စနစ်တကျလေ့လာကျက်မှတ်ကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်အောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ် ၊ဝါးဒူးကျေးရွာ၌ မတ်လ၂ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင် ပန်းမန်များနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

14-Feb-2023