(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကျင်းပ

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အား ယနေ့ညပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာစားပွဲတွင် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့တို့မှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပြီးနောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ခရိုင်အလိုက် ဒေသထွက်ကုန်ပြခန်းများ၊ ဦးစီးဌာနပြခန်းများတွင်နှစ်သိမ့်ဆုနှင့် အထူးဆုရရှိသည့် ခရိုင်များနှင့် ဌာနဆိုင်ရာပြခန်းများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ဒေသထွက်ကုန်ပြခန်းနှင့် ဌာနဆိုင်ရာ ပြခန်းများတွင် ဒုတိယဆုရရှိသည့်ခရိုင်နှင့် ဦးစီးဌာနပြခန်း များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တိုင်းမှူးတို့ကလည်းကောင်း၊ဒေသထွက်ကုန်ပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများတွင် ပထမဆုရရှိသည့် ခရိုင်နှင့် ဦးစီးဌာနတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးဆုများချီးမြှင့်ခဲ့သည်။
ယင်းနောက် ပညာအလင်္ကာတေးဂီတအဖွဲ့နှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား ဂုဏ်ပြုညစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေရေ အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။