ပုသိမ်မြို့၌(၇၆)နှစ်မြောက်ပြည်‌ထောင်စုနေ့အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားအား ယနေ့နံနက်၅နာရီ အချိန်က ပြည်ထောင်စုကွင်း (ကန်သာယာ)၌ပြုလုပ်ခဲ့ရာ တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်များက နေရာယူပြီးနောက်  အလံတင်တပ်စုမှတပ်ကြပ်ကြီးဦးဆောင်၍ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားအား နံနက်၇နာရီအချိန်တွင် အဆိုပါကွင်း၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းခေတ္တဌာနချုပ်မှူး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် များနှင့် တိုင်း၊ ခရိုင်၊ မြိို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခဲ့၍ ဂုဏ်ပြုတပ်ဖွဲ့မှသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂ဝ၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကဖတ်ကြားခဲ့ကြောင်းသိရသည်။

12-Feb-2023