မြောင်းမြမြို့၊ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီး၌ ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားတိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ

ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် မြောင်းမြမြို့၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကသွားရောက်၍ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဂေါပကအ ဖွဲ့ထံအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ပြည်သူများ၏ စေတီတော်မြတ်ကြီးအား  ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပာယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၌ ပြုလုပ်သည့် သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်၍“မောင်တို့မယ်တို့သည် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာကြမှာဖြစ်ပါကြောင်း၊ မောင်မယ်တို့တွေသည် ခေတ်မီသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံ့စပါးကျီဖြစ် သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး မောင်တို့မယ်တို့အင်အားများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မောင်မယ်တို့အနေဖြင့် စိုက်ပျိုးရေးဒီပလိုမာများရရှိကြပြီး လုပ်ငန်းခွင်ဝင်ရောက်မည့်သူများ၊ တက္ကသိုလ်ဝင်ခွင့်ရရှိသူများဖြစ်၍ မိမိတို့တတ်မြောက်ထားသည့်ပညာရပ်များဖြင့် တောင်သူများထံ စိုက်ပျိုးရေးနည်းစနစ်များဆင့်ပွားဆောင်ရွက်ပေးကြရန်၊ မိရိုးဖလာစိုက်ပျိုးရေးနည်းစနစ် များအပြင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များစဉ်ဆက်မပြက်လေ့လာ၍ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်လာစေရေးကြိုးစားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင်မွေးမြူရေးလုပ်ငန်းများကိုပူးတွဲဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် နိုင်ငံတော်နှင့်တောင်သူများ အားထားရသော စိုက်ပျိုးရေးပညာရှင်များဖြစ်လာစေရေးကြိုးစားဆောင်ရွက်ကြရန် ”လုပ်ငန်း ခွင်ဝင် အမှာစကားများပြောကြားခဲ့ပြီး ကျောင်းဆင်း မောင်၊မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ 

စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၏ သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲတွင် ကျောင်းသားကျောင်းသူ ၁၁၄ဦးအား စိုက်ပျိုးရေးဒီပလိုမာများအပ်နှင်းပေးနိုင်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ပညာရတနာခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ရာ  မြောင်းမြမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများပြောကြားခဲ့ပြီးတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကာ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မြို့နယ်၊ရွှေခယ်သိရိအားကစားခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကာမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများဆက်လက်ပြောကြားခဲ့ပါသည်။ ထို့နောက်  တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက်ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

အလားတူ အိမ်မဲမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကာမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများ ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့နောက်  တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက်ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ပညာရေးကိုလိုလားကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ယခုကဲ့သို့စုစည်းတွေ့ရှိရခြင်းကြောင့် မိမိတို့အနေဖြင့်များစွာဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသည် အောင်ချက်အကောင်းဆုံး ၅၂.၁၆ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ပြီး ယခုပညာသင်နှစ်တွင်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာမွေးထုတ်ပေးနိုင်သည့် အလားအလာကောင်းများရှိနေပါကြောင်း ၊ ယခုပညာသင်နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း၏ နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်ဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းတွင်း၊ ပြင်ပဖြေဆိုမည့်ကျောင်းသားကျောင်းသူများအတွက် ပုံမှန် ကျောင်းတက်ရက်များတွင်အချိန်ပိုသင်ကြားပေးခြင်းအပြင် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များပါ အချိန်ပိုသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများက မိမိတို့၏သားသမီးများအား ၏ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရေး အခွင့်အရေးပေးရန်လိုပါကြောင်း၊ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်၊ ဘာသာရပ်များကို စနစ်တကျလေ့လာကျက်မှတ်ကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်အောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်၊ဝါးခယ်မမြို့နယ်၊ အိမ်မဲမြို့နယ်တို့တွင် ၂ ၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ကြမည့် ကျောင်းသား ကျောင်းသူ ကျောင်းတွင်းဖြေ ၁၁၈၈  ဦး၊ ပြင်ပဖြေ  ၁၇၈၀ ဦး၊ စုစုပေါင်း ၂၉၆၈ဦးရှိကြောင်းသိရသည်။

11-Feb-2023