တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့မှ လပွတ္တာမြို့နယ်ရှိအတွင်းရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယ​နေ့ မွန်းလွဲပိုင်းတွင် လပွတ္တာမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဦးဟိုက်ပင့်ဆိပ်ကမ်း၌   မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့တို့သည် လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွား​ရောက် ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆေးလာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အား​ပေးစကားများ​ပြောကြားခဲ့ပြီး တပ်မ​တော်နယ်လှည့်​ဆေးကုသရေးအဖွဲ့အား ဆေးကုသရန်လိုအပ်​သော ​ဆေးပစ္စည်းများ၊ စား​သောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့​ငွေများ ပေးအပ်ခဲ့ကာ ဆေးရုံရေယာဉ်​ပေါ်တွင် ​ဆေးကုသ​ပေး​နေမှုများအား လှည့်လည်ကြည့်ရှုအား​ပေးခဲ့ပါသည်။

အဆိုပါ အထူးကုဆေးအဖွဲ့မှ ခွဲစိတ်အထူးကု၊ နား- နှာခေါင်း -လည်ချောင်း၊သားဖွား-မီးယပ်၊အရိုး-အကြောအထူးကု၊ကလေးအထူးကု၊မျက်စိအထူးကု၊သွားအထူးကု၊အထွေထွေရောဂါကု အစရှိသည့် ဆရာဝန်ကြီးများက ယခုလ ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်​တောင်​ကျေးရွာအုပ်စုရှိ ရှင်​စောမြတ်​စေတီ​တော်မြတ်ကြီးသို့​ရောက်ရှိ၍ ဆရာ​တော် ​ဒေါက်တာ ဘဒ္ဒန္တပညာ​တေဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်နတ်စင်တစ်ရာ​ကျောင်းဆရာ​တော် အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထု​ငွေများ ဆက်ကပ်လှူဒါန်းပူ​ဇော်ခဲ့ပြီး ရှင်​စောမြတ်​စေတီ​တော်မြတ်ကြီးအား ဖူး​​မြှော်ကြည်ညိုခဲ့ပါသည်။ 

ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာ - ​မြောင်းမြ- အိမ်မဲ- ကျုံ​ပျော် ကားလမ်း၂၁ မိုင် ၆ ဖာလုံတွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် တိုင်း​ဒေသကြီးရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် (၂) မိုင် အား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများအား တိုင်း​ဒေသကြီးလမ်းဦးစီးမှူးမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးပြတ်​အောင်​ဆောင်ရွက်​ရေး၊ လမ်းအရည်အ​​​သွေးပြည့်မီ​အောင်​ဆောင်ရွက်​ရေး မှာကြားခဲ့ပါသည်။ ထို့​နောက်  လပွတ္တာမြို့နယ်၊  ​လေးအိမ်တန်း​ကျေးရွာ၊ ​တောင်သူ ဦးမြင့်ဦးနှင့် ဦးစိုးနိုင်တို့၏ လယ်​မြေ (၁၀)ဧကတွင်ပြုလုပ်သည့် ​​ဆောင်းသီးနှံ ​နေကြာမျိုး​စေ့ချစိုက်ပျိုးပွဲ တက်ရောက်၍ တိုင်းဒသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ​နေကြာမျိုး​စေ့ချ စိုက်ပျိုးခဲ့ပါသည်။

ထို့​နောက် လပွတ္တာမြို့နယ်၊ သုံးမိုင်မြို့တွင် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ​စိုက်ပျိုးထားရှိသည့် ပိုက်ဆံ​လျှော်မျိုး​စေ့ထုတ်စိုက်ခင်း (၁၆) ဧက သို့​ရောက်ရှိခဲ့ကာ တိုင်း​ဒေသကြီး​လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးမှ ၃ မိုင်မြို့အတွင်း ပိုက်ဆံ​​လျှော် (၁၀၆)ဧက စိုက်ပျိုးထားရှိမှုအ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ​မြောင်းမြမြို့နယ်၊ ကညင်ကုန်း​ကျေးရွာအုပ်စု၊ ကျွဲခြံဝ​ကျေးရွာသို့​ရောက်ရှိ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် ​အရှည် (၇)ဖာလုံ၊အကျယ် (၁၂) ​ပေ ၊ ထု  (၇) လက်မရှိ ကျေးရွာအဝင်လမ်း   ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး ​ဒေသခံ​ပြည်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံခဲ့​ကြောင်း သိရသည်။

30-Jan-2023