၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“  တိုင်းဒေသကြီးအနေဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပြိုင်ပွဲပြုလုပ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများ၏ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းအတွက်ဂုဏ်ပြုအပ်ပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ငယ်စဉ်ကပင်စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်သွားရမှာဖြစ်ပါကြောင်း၊ အခြေခံပညာမှစတင်ကာတိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားများပေါ်ထွန်းလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်လာစေရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင်ကြိုးစားပေးကြသော တံခွန်စိုက်ပထမရွှေတံဆိပ်ဆုရအမျိုးသားဘောလုံးအသင်းနှင့် ပြိုင်ပွဲဝင်ခဲ့ကြသည့်အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများနှင့်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း”ပြောကြားသည်။ 

ထို့နောက် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ပြသမှုအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အောင်ပွဲရ တိုင်းဒေသကြီးအားကစားအဖွဲ့အား ဆုချီးမြှင့်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ တံခွန်စိုက်ပထမရွှေတံဆိပ်ဆုရအမျိုးသားဘောလုံးအသင်း၊ အသင်းအုပ်ချုပ်သူနည်းပြများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးမှ အလျားခုန်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရမကျော့ကေခိုင်နှင့် ငွေတံဆိပ်ဆုရ အမျိုးသမီးဘောလုံးအသင်းအားတို့အား လည်းကောင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ငွေတံဆိပ်ဆုရ အမျိုးသားဘော်လီဘောအသင်းနှင့် လှံတံပစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရရှိသူများအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးမှ ငွေတံဆိပ်ဆုရ အမျိုးသမီးဘော်လီဘောအသင်းနှင့် သံလုံးပစ်ငွေတံဆိပ်ဆုရရှိသူများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မီတာ(၄၀၀)အပြေးပြိုင်ပွဲ ငွေတံဆိပ်ဆုရှင်အားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံး၊တိုင်းဒေသကြီးပညာရေးမှူးမှ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ကြေးတံဆိပ်ဆုရပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အားကစားသမား(၁)ဦးအားလည်းကောင်း ဆု များအသီးသီးချီးမြှင့်ခဲ့ပြီးကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား တေးသီများဖြင့်သီဆိုကပြဖျော်ဖြေမှုများ၊ ဂုဏ်ပြုညစာတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးအခမ်းအနားတက်ရောက်လာကြသူများနှင့်အတူညစာသုံးဆောင်ခဲ့ကြောင်းသိရသည်။

29-Jan-2023