ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ် နေကြာမျိုးစေ့ချပွဲတက် ရောက်အားပေး၊ ငပုတောမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူဇန်နဝါရီလ ၂၉ရက်နေ့ နံနက်ပိုင်းက သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာတောင်သူ ဦးဝင်းထိုက်၏ လယ်မြေ (၁၀) ဧက၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှဆောင်ရွက်သည့် နေကြာမျိုးစေ့ချ စိုက်ပျိုးပွဲတက် ရောက်ခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျ ဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။ ထို့နောက် တောင်သူ ဦးမြင့်ဆန်း၏ လယ်မြေ(၈)ဧက၌   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးမြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများတွင်ပိုးမွှားများကျရောက်မှု မရှိစေရေး၊ သွင်းအားစုများအား စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေးနှင့်  အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ သက္ကယ်ချောင်း၊ အုန်းပင်စုကားလမ်းဘေးမြောင်းအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေစပါးအောင်ရေရရှိစေရေးအတွက် စိုက်ဧက ၃၀၀ခန့်အားအကျိုးပြုနိုင်သည့်
အလျား ၇၅၀၀ပေရှိ မြောင်းတူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်တောင်သူများမှ စိုက်ပျိုးရေသုံးစွဲနေမှုနှင့်တောင်သူ ဦးဝင်းကိုကို၏ လယ်မြေ(၁၀)တွင် မြေသြဇာကြဲပတ်နေမှုများကိုကြည့်ရှုအားပေးခဲ့ကာ စိုက်ပျိုးရေလုံလောက်စွာရရှိပြီဖြစ်၍ ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ အထွက်တိုးစေရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

ထို့နောက်  ဝက်ဆူကျေးရွာရှိ တောင်သူဦးရဲတိုး၏ လယ်မြေ (၁၁.၈)ဧကတွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါး မြေဩဇာကြဲပတ်ပွဲအား တက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စေရေး၊ သာဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေး၊ အထွက်တိုးမျိုးစပါးများအသုံးပြုစေရေး၊ သွင်းအားစုများအား စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးစေရေးမှာကြားခဲ့ပြီးတောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ လိပ်ချောင်းကျေးရွာရှိ တောင်သူ ဦးအောင်သူ၏ လယ်မြေ (၁၀)တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှဆောင်ရွက်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပွဲတက်ရောက်ခဲ့ပြီး ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ခုနှစ် မိုးစပါးရိတ်သိမ်းပြီးစီးမှုအပေါ် နွေစပါးစိုက်ပျိိုးမှုနှင့် ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးမှုအခြေအနေများနှင့် ရိုးပြက်ကျန်ဧကများအပေါ် ၂၀၂၂- ၂၀၂၃ခုနှစ် သီးနှံအလိုက်ဖော်ထုတ်စိုက်ပျိုးပြီးစီးမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်နှုန်းတိုးစေရေး၊ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာအချိုးကျသုံးစွဲခြင်းအားတောင်သူများကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ပြီး (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးမှုကိုကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။ 

ဆက်လက်၍ ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်ခဲ့ပြီး စပါးခွံလောင်စာအသုံးပြု၍ Gasifierဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုအထိုက်အလျောက်ဖြည့်ဆည်းနိုင်မည့် ဆိုလာစွမ်းအင်နှင့် စပါးခွံလောင်သုံး Gasifier တို့ဖြင့်ကုန်ထုတ်လုပ်ငန်းများပိုမိုတိုးတက်အောင်ဆောင်ရွက်စေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစည်းကမ်းများနှင့်အညီဖြစ်စေရေးမှာကြားခဲ့သည်။

ထို့နောက် ပုသိမ်မြို့၊ မြို့အဝင်မှ ရုပ်ထုအဝိုင်းအထိ လမ်းကျော် Service Wire နေရာများအား ရှင်းလင်းရန်အတွက် (၁၁)ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ပေ၊ (၁၁/၀.၄ )ကေဗွီ၊ ၂၀၀ ကေဗွီအေ ခွဲရုံ (၂) ရုံနှင့်၄၀၀ ဗို့ ဓာတ်အားလိုင်း (၂) မိုင် အသစ်တည်ဆောက်ခြင်းလုပ်ငန်းသို့သွားရောက်ခဲ့ပြီး တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လျှပ်စစ်တိုင်ထူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

29-Jan-2023