၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အားဂုဏ်ပြုကြိုဆို

၂၀၂၃ခုနှစ်၊နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အားဂုဏ်ပြုကြိုဆိုပွဲကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊​ ကျောင်းသား​​ကျောင်းသူများက ပြိုင်ပွဲတွင်ဝင်​ရောက်ယှဥ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပန်းကုံးများ၊ ဂုဏ်ပြုပန်းစည်းများဖြင့် ရင်းရင်းနှီးနီး ကြိုဆိုခဲ့ကြသည်။

ထို့​နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အခြေခံပညာကျောင်းသားအားကစားပွဲ​တော်တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသားအားကစားအဖွဲ့အား အောင်ပွဲနှင့်အတူဂုဏ်ပြုကြိုဆိုခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့သည် ပြိုင်ပွဲလေးခုတွင် ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး ကြိုးစားယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထိုက်ထိုက်တန်တန် ရွှေတံဆိပ်ဆုရရှိခဲ့ပါကြောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမရယူခဲ့သည့် အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် ဂုဏ်ယူပါကြောင်းနှင့် ဆုမရရှိခဲ့သည့် အားကစားသမားများကလည်း ဆုရရှိရေး ပိုမိုကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့်အခြေခံပညာအဆင့်မှစတင်ကာ တိုင်းဒေသကြီးကိုယ်စားပြု၊နိုင်ငံ့ကိုယ်စားပြု အားကစားသမားများဖြစ်​အောင် ​ကြိုးစားဆောင်ရွက်ကြရမှာဖြစ်​ကြောင်း” ပြောကြားခဲ့ပြီး  စားသောက်ဖွယ်ရာများနှင့် ကြိုဆိုဂုဏ်ပြုဧည့်ခံခဲ့ကြောင်းသိရသည်။

28-Jan-2023