(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများအားတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊အမှတ်(၁)ရပ်ကွက်၊ ငဝန်ကျွန်းသာ(၃)လမ်း ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တင်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဘဏ္ဍာရန်ပုံငွေနှင့် ပြည်သူများများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၄၂၉ပေ၊အကျယ်၁၂ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ဝါးခယ်မမြို့နယ်၊ ပဆငလမ်းမှ အူကျွန်း- ရေလိန်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ “ယနေ့ဖွင့်လှစ်ပေးသည့် ကွန်ကရစ်လမ်းသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး၊မွေးမြူရေးစသည်တို့ကို ဆောင်ရွက်ပေးနိုင်မည့်လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ သွားလာရေးလွယ်ကူအဆင်ပြေပြီဖြစ်၍ ပညာရေး၊ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား အစွမ်းကုန် ဆောင်ရွက်နိုင်ကြစေရေးနှင့် လမ်းသစ်အားရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်”ပြောကြားခဲ့ပြီး ကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းဖွင့်ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါလမ်းသည် ဝါးခယ်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး အရှည် ၅၅၄၄ ပေ၊ အကျယ် ၁၂ ပေ၊ ထုထည် ၇ လက်မ၊ ရှိကြောင်းသိရသည်။
ထို့နောက် ဝါးခယ်မမြို့နယ်၊ ရေလိန်အူကျွန်းကျေးရွာရှိ တောင်သူဒေါ်ဇင်နွယ်ထွန်း၏ ရေဆင်းစပ်မျိုး(၁)နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး ဆီဖူလုံရေးအတွက်တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ ပိုးမွှားများ မကျရောက်စေရေးတို့အပြင် ရေပေးခြင်းနှင့်အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား အချိန်ပိုသင်ကြားပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမျိား၏သင်ကြားပို့ချမှုများကို လိုက်နာမှတ်သားကျက်မှတ်စေရေး၊ အားနည်းသည့်ဘာသာရပ်များကိုပိုမိုလေ့လာကြစေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ နေကြာစိုက်ဧက(၅)၌စိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုး(၁)နေကြာစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်းနှင့်အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။
ထို့နောက် ပုသိမ်မြို့နယ်၊ သဲဂရက်ကျေးရွာရှိ ယင်မဲမွေးမြူရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်း" သို့သွားရောက်ခဲ့ရာ အသင်းတာဝန်ခံမှ ယင်မဲသားဥဘဝမှအကောင်ဖြစ်သည်အထိမွေးမြူမှုအခြေအနေများ၊ ယင်မဲပိုးလောင်းများမှ စွန့်ထုတ်သော waste များသည် အပင်များအတွက် သဘာဝမြေသြဇာကို ရရှိနိုင်မှုအခြေအနေများ၊ ယင်မဲပိုးလောင်းများအား ကြက်၊ ဘဲ၊ ငါး နှင့် အသားစား တိရစ္ဆာန် များအတွက် အစာအဖြစ်အသုံးပြုမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး ယင်မဲ မွေးမြူမှုအခြေအနေများနှင့် သီးပင်စားပင်များစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပုသိမ်မြို့နယ်၊ လင်းဝင်းကြီးကျေးရွာ အုပ်စု၊ ကွက်ပြင်ကြီးကျေးရွာ ၊ ကျေးရွာသစ်အားမာန်ခန်းမ၌ ဒေသခံစိုက်ပျိုးမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့က စိုက်ပျိုးမွေးမြူရေးကိစ္စများနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံမှုရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့်အခက်အခဲများရှိပါကလည်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း”ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူ ဦးထွန်းသိန်း၏ ဟင်းသီးဟင်းရွက်၊ ပန်းမန်နှင့် သစ်သီးဝလံစိုက်ခင်းနှင့် ဦးစံခင်၏ နို့စားနွားမွေးမြူရေးခြံတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။