(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာ၌ ( ၂၀၂၀- ၂၀၂၁ )တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်(၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းသွယ်တန်းဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ယင်းနောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ( ၆၉ ) အိမ်ထောင်စု( ၆၉ )စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် Oriental High Way ကုမ္ပဏီမှ B.O.T စနစ်ဖြင့်ဆောင်ရွက်နေသော ပုသိမ်-ငွေဆောင်ကားလမ်း မိုင်( ၁၆/၀- ၁၆/၂ ) မိုင်အား လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းများပြည့်မီရေးနှင့်ရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားစဉ်ဆက်မပြတ်ဆောင်ရွက်ရေးအားလမ်းညွှန်မှာကြားခဲ့ပြီး ပုသိမ်- ရှောပြာ- ချောင်းသာလမ်း(၂၅/၀ - ၃၄/၀) မိုင် အတွင်း မျက်ကွယ်ကွေ့များအား လမ်းတာတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
.jpg)
.jpg)
.jpg)
.jpg)