ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် သာပေါင်းမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာသို့သွားရောက်ခဲ့ပြီး ဒီဇယ်အင်ဂျင်တွင်စပါးခွံလောင်စာအသုံးပြု၍ (Gas-Fired)ဖြင့် မြစ်ရေတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုအားစစ်ဆေးခဲ့ပြီး စပါးခွံအသုံးပြုမှု၊ မြစ်ရေတင်နိုင်မှုနှင့်ကုန်ကျစရိတ်သက်သာမှုများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တွင်ကျယ်စွာအသုံးပြုစေရေး၊ တောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် ဌာနဆိုင်ရာများကလည်းဝိုင်းဝန်းကူညီဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါ  (GasiFire) ဖြင့် မြစ်ရေတင်လုပ်ငန်းဆောင်ရွက်ရာတွင် တစ်နေ့လျှင် ဖွဲအိတ် ၂၅အိတ်ခန့်ဖြင့် လယ်ဧက ၂၀ဧကမှ ၃၅ဧကအထိ ရေပေးဝေနိုင်ကြောင်းသိရသည်။

08-Jan-2023