ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာသို့ သွားရောက်၍ နေကြာ(ရေဆင်းစပ်မျိုး-၁) ၅ ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့်ရေတင်၍ Sprinkler (rain gun)ဖြင့် နေကြာခင်းအား ရေဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးမှ နေကြာစိုက်ပျိုးထားရှိမှု၊ ရေဖြန်းခြင်းနှင့်ပေါင်းသင် ခြင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရန်၊နေရောင်ခြည်စွမ်းအင်သုံးရေတင်စနစ်များပိုမိုတွင်ကျယ်စွာအသုံးပြုသွားရန်၊ နေကြာစိုက်ခင်းများရေလိုအပ်လာလျှင်ထိရောက်အကျိုးရှိစွာပေးဝေနိုင်သည့် ရေဖြန်းစနစ်များတွင်ကျယ်စွာအသုံးပြုနိုင်ရန်၊ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်စေရေး တောင်သူများအားအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာလေးကျေးရွာသို့ဆက်သွယ်ထားသည့် ကျုံလမုချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ)တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ ချဉ်းကပ်လမ်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပြီးပြည်သူများမှ လိုအပ်သည်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

08-Jan-2023