(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုဖလားနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အား ကြိုဆိုနှုတ်ဆက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် နေပြည်တော်တွင်ကျင်းပခဲ့သည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဂုဏ်ပြုယာဉ်သည် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုဖလား ရရှိခဲ့ပြီး အဆိုပါဆုဖလားနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်မှ ပုသိမ်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပါသည်။ ထိုသို့ပြန်လည်ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများမှ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ရရှိခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုဖလားနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အား ပုသိမ်လေတပ်စခန်းတွင် ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြောင်းသိရသည်။