အိမ်မဲမြို့နယ်ရှိ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကုန်းကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အိမ်မဲမြို့နယ်၊ဘုရားကုန်းကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (ဒုတိယအဆင့်)( NEP Phase II)ဖြင့်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ယင်းနောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲ မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ( ၅၄ ) အိမ်ထောင်စု(၅၄)စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ ဆရာဆရာမများနှင့်တွေ့ဆုံခဲ့ကာ စာသင်ဆောင်လိုအပ်ချက်၊ လျှပ်စစ်မီးလိုအပ်ချက်များတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အတွင်းအပြင်ကျောင်းသားကျောင်းသူများအားအချိန်ပိုသင်ကြားပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျလေ့လာမှတ်သားသင်ယူကြရန်နှင့် ရာနှုန်းပြည့်အောင်မြင်စေရေးကြိုးစားကြရန်မှာကြားခဲ့ကာ ကျောင်းသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)