တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စိုက်ပျိုးရေးဦးစီးဌာန သရောင်းချောင်းမျိုးသန့်ခြံအား သွားရောက်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သရောင်းချောင်းမျိုးသန့်ခြံအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) သရောင်းချောင်း မျိုးသန့်ခြံ၌ မျိုးအုပ်စုအလိုက် ပြသထားသည့် စပါးမျိုးများအား ကြည့်ရှု စစ်ဆေး ခဲ့ရာ မျိုးသန့်ခြံတာဝန်ခံ ဦးစီးအရာရှိ မှ ရှင်းလင်းတင်ပြမှုအပေါ် မျိုးအုပ်စုအလိုက် ခွဲခြား မှတ်တမ်းပြုစု၍ စနစ်တကျ ထိန်းသိမ်းထားရန် မှာကြားခဲ့သည်။
ယင်းနောက် ပေါ်ဆန်းမွှေး စပါးမျိုး (၂)ဧက မျိုးသန့် မျိုးစပါးထုတ်စိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ထိန်းသိမ်းထားရှိသည့် ပေါ်ဆန်းမွှေးစပါးမျိုးအား ယခုစိုက်ပျိုး၍ မျိုးထုတ်ရာ တွင် အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်မှုနှင့် အရည်အသွေးပိုင်းအား ယခင်/ယခု နှိုင်းယှဉ်သုံးသပ် နိုင်ရန်နှင့် သုတေသနပြုသွားရန်၊ ပေါ်ဆန်း မွှေးမျိုးစပါး စတင်စိုက်ပျိုးသည်မှ ဆန်ကြိတ်ခွဲပြီး သည်ထိ မှတ်တမ်းတင်ပြုစုတင်ပြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ယခင်နှစ်ရိုးပြတ်ကျန်ဖြစ်ပေါ်သည့် ဧကများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိသည့် ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေးရွာ တောင်သူဦးကျင်သန်း၏ လယ်မြေတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုခဲ့ပြီး ရိုးပြတ်ကျန်ဧကများတွင် ဆီထွက်သီးနှံ နေကြာအား သီးသန့်စိုက်ပျိုးနေမှုအား ကြည့်ရှု ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)