ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည်ပိုင်းက ရေကြည်မြို့နယ်အတွင်းသို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာ၌ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရန် ဆောင်ရွက်နေမှုအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွားရေတိုက်ကျေးရွာနှင့် ကညင်ငူကျေးရွာအနီး အလျား ၁.၁၅ မိုင် ပင်မမြောင်းမြေကြီးလုပ်ငန်းနှင့် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧက(၁၀၀၀)စီမံကိန်းဆိုင်ရာအချက်အလက်များအားလည်းကောင်း၊ ကညင်ငူကျေးရွာ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့်တည်ဆောက်မည့် (၁၁)ကေဗွီဓာတ်အားလိုင်း(၀.၂)မိုင်၊(၁၁/၀.၄)ကေဗွီ(၂၀၀)ကေဗွီအေခွဲရုံ(၁)ရုံတည်ဆောက်ရန်ဆောင်ရွက်နေမှုအားလည်းကောင်း၊၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ကွင်းလျားကျေးရွာနှင့် ကညင်ငူကျေးရွာများတွင် ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအားလည်းကောင်း သက်ဆိုင်ရာဌာနများက ယာယီရှင်းလင်းဆောင်၌ လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးစေရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရာတွင် လုပ်သားများအန္တရာယ်ကင်းရှင်းစေရေး၊သတ်မှတ်ထားသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေးတို့အားလမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် နွားရေတိုက်ကျေးရွာ ၁၁ကေဗွီအေ ထရန်စဖော်မာတပ်ဆင်နေမှုနှင့် ဓာတ်အားလိုင်းသွယ်တန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ တောင်သူအခြေပြုသုတေသနစခန်းဖြစ်သော ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ၊ တောင်သူဦးကြည်ခိုင်စိုး၏ လယ်မြေ၌ ဧရာဝတီတိုင်းဒေသကြီး၏ ပေါ်ဆန်းရင်နှင့် ပေါ်ဆန်းကြီးစပါးမျိုးများကို သဘာဝမြေဩဇာ သီးသန့်ထည့်သွင်းအသုံးပြုပြီး ဒေသနှင့်အသင့်လျော်ဆုံး ဈေးကွက်အရှိဆုံးစပါးမျိုးကို တောင်သူနှင့်အတူ ရွေးချယ်စိုက်ပျိုးသည့် ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့်အတူ ပေါ်ဆန်းရင်နှင့် ပေါ်ဆန်းကြီးစပါးများ ဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးကာ ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် သဘာဝမြေဩဇာသုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို တောင်သူများ လက်တွေ့မြင်တွေ့ရပြီဖြစ်သဖြင့် သဘာဝမြေဩဇာကို ပိုမိုသုံးစွဲစိုက်ပျိုးကြရန် တိုက်တွန်းပါကြောင်း ပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငါးတဲစုကျေးရွာ၊ ငါးတင်းစုကျောင်းကြီးဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကာ
ရေကြည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးတဲစုကျေးရွာကုန်ထုတ်လမ်းမြေကျောက်ခင်းခြင်းနှင့် ကုန်ထုတ်တံတားတည်ဆောက်ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသမျိုးစပါးများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် သဘာဝမြေဩဇာအား ပိုမိုသုံးစွဲရန်၊ ဓာတ်မြေဩဇာလျှော့ချသုံးစွဲရန်မှာကြားခဲ့ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၊ သုတေသနအရာရှိမှ သဘာဝမြေဩဇာသုံးစွဲစိုက်ပျိုး၍ ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းဆွေးနွေးကာ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းေဆာင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်ဒေါင့်ကြီး (သာပေါင်း) - ဒဇောင်းရိုး(ရေကြည်) လမ်း မိုင် ၁/၆-၂/၀ အထိ ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် တို့အားလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။