ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျုံပျော်ခရိုင်အတွင်းသို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊ ညောင်ပင်သာ(၁)လမ်းရှိ လမ်းအရှည် ၁၁၅၀ပေ၊ အကျယ်၁၂ပေနှင့်ထု ၆လက်မရှိ ကွန်ကရစ်လမ်းအားလည်းကောင်း၊ ကျုံပျော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျုံပျော်-ဓနုံးကွင်းလမ်း လမ်းအရှည် (၀/၃.၉၄)မိုင်၊အကျယ်၁၂ပေနှင့် ထု၇လက်မရှိကွန်ကရစ်လမ်းအားလည်းကောင်း၊ ရေကြည်မြို့နယ် လမ်းဦးစီးဌာန CLASS-Aလမ်းကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရန်မျိုးအောင်-ရုံးတုံး-အစုကြီး-ရွှေနံ့သာလမ်း လမ်းအရှည် ၄ဖာလုံ၊အကျယ်၁၂ ပေနှင့် ထု၇ လက်မရှိကွန်ကရစ်လမ်းအားလည်းကောင်း တာဝန်ရှိသူများနှင့်အတူ အသီးသီးတက်ရောက်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ လယ်တီကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ဘုရားငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့များသို့ သွားရောက်ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တင်ပြချက်များအပေါ် သက်ဆိုင်ဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအဆောက်အဦရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လိုပါကြောင်း၊ပြုပြင်မွမ်းမံပြင်ဆင်ရန်ရှိသည်များကို ဘဏ္ဍာနှစ်အလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊တက္ကသိုလ်ဝင် စာမေးပွဲအား မိမိကျောင်းမှ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် ဆရာ၊ဆရာမများ၊အုပ်ချုပ်ရေးအဖွဲ့များ၊မိဘများပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆရာစံ-သင်္ကန်းဒေါင့်-သရက်ပင်လှ-ငါးရံ့ချောင်းလမ်း လမ်းမိုင်အရှည် (၂/၆.၉၄)မိုင်၊အကျယ်၁၂ပေနှင့် ထု၇လက်မရှိကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ယင်းနောက် ငါးရံ့ချောင်းကျေးရွာ အခြေခံမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများနှင့် တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်ရေကြည်မြို့နယ်၊ အောင်ဆန်းမြို့ပတ်လမ်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အလျား ၆၀ပေ အနံ၅၅ပေရှိ R.C.Cနှစ်ထပ် မူကြိုကျောင်းဆောက်လုပ်နေမှုအားလည်းကောင်း၊ မြို့နယ်အားကစားခန်းမ အကြီးစားပြင်ဆင်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရန်လိုအပ်သလို အချိန်မီ ပြီးစီးရန်လည်းလိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးနှင့် အဆောက်အဦ ဆောက်လုပ်နေမှုအား သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အလေးထားကြပ်မတ်စစ်ဆေးရန် ” လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အ.ထ.က(ရေကြည်)ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ပူးပေါင်းစီစဉ်မှုဖြင့် ရေကြည်မြို့၊မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်အတွင်း၌ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကွင်းဆင်းဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အထူးကု ဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့သည်။