ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောက်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျုံပျော်ခရိုင်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းကျေးရွာရှိ  လယ်ဧက(၂၅၀)အား ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ လျှပ်စစ်ရေတင်လုပ်ငန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် ဆောင်ရွက်ပေးနေမှုနှင့် တောင်သူ(၄)ဦး၏ လယ်ဧက(၃၂)ဧက၌ ဆင်းသုခအမျိုးအစား နွေစပါးစိုက်ပျိုးရန် အတွက် စုပေါင်းထွန်ယက်နေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိုးစပါးတစ်ဧကအထွက်နှုန်း၊ ဈေးကွက်အတွင်းရောင်းချရသည့် ဈေးနှုန်းများအား မေးမြန်းခဲ့ပြီး အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြရန်နှင့် စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ကြရန်လိုပါကြောင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိုးကျသုံးစွဲကြစေရေး နှင့် မိရိုးဖလာ စိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများ အသုံးပြု   ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး ကြိုးစား ဆောင်ရွက်ကြစေ လိုကြောင်းနှင့် ကုန်ထုတ်လမ်းအား မပျက်စီးစေရန်အတွက် တောင်သူများ ကလည်း ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း”လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာ ရှိ တောင်သူ ဦးဂျိုးမင်း၏ လယ်မြေ၌ ရေဆင်း-၁ စပ်မျိုးနေကြာ သီးသန့်စိုက်ပျိုးခြင်း စံပြကွက်၌ နေကြာစိုက်ပျိုးပြီးစီးမှုနှင့် အပင်များရှင်သန်ဖြစ်ထွန်းနေမှု အားကြည့်ရှုအားပေးသည်။ ယင်းနောက် ရိုးပြတ်ကျန်ဧရိယာများတွင် စပါးအပါအဝင် သီးနှံများ စိုက်ပျိုးနိုင်ရေး ရေရရှိစေရန်အတွက် ကျုံတာဖျားနှင့် အရှေ့ချောင်းဖျားရွာသို့ ဆက်သွယ်သော အလျား ၄.၅၅မိုင်၊ အကျယ် ၃၆ ပေနှင့် အနက် ၈ ပေရှိ ရေမြောင်းမကြီးနှင့် မြောင်းလက်တက်များ တူးဖော်ခြင်း လုပ်ငန်း၊ ဂုန်မင်းကျေးရွာ အုပ်စု၊ ပေ(၂၀)သံလမ်းတံတားမှ လယ်တီစု အမှတ်(၁)မြောင်းထိပ်အထိ အလျား ၁.၅မိုင်၊ အကျယ် ၃၆ ပေနှင့် အနက် ၇ ပေရှိ မြောင်းဖော်တူးဖော်ခြင်းလုပ်ငန်းနှင့် ရင်းတိုက်ငူ-အုန်းပင်စု အလျား ၁.၄၂ မိုင်၊ အကျယ် ၃၆ ပေနှင့် အနက် ၇ ပေရှိ ရေနုတ် မြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချူပ်က ကြည့်ရှုစစ်ဆေးပြီး “လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရန် နှင့် အချိန်မီပြီးစီးရန်၊ စိုက်ပျိုးရေအား တောင်သူများ အကျိုးရှိရှိ အသုံးချရန်၊ ဆိုလာ စနစ်ဖြင့် ရေတင်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့် အစီအမံများ အား ရှင်းလင်းဆွေးနွေးပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍  တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။ အဆိုပါ ရေမြောင်းများ တူးဖော်ပြီးစီးပါက ဂုန်မင်းကျေးရွာ၊ အုန်းပင်စုကျေးရွာနှင့် ထိပ်အုပ် ကျေးရွာတို့မှ လယ် ၉၅၀ ဧကအား အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

30-Nov-2022