ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့်တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့်တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ “(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုယာဉ်နှင့်အတူ ယိမ်းအဖွဲ့များမှ ပါဝင်ဖျော်ဖြေ ရမှာဖြစ်ပါကြောင်း၊ ယိမ်းအဖွဲ့များ ကပြရန်အတွက် တိုင်းဒေသကြီးသီချင်းအား ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သီချင်း၊ စာသားနှင့် အကမှာလည်းမြိုင်မြိုင်ဆိုင်ဆိုင် မြူးမြူးကြွကြွ ဖြစ်စေရန်ဖြစ်ပါကြောင်း”ပြောကြားသည်။
ထို့နောက် ယိမ်းကပြရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီးက ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်၍ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်သင်တန်း (ဇီဝဗေဒဘာသာရပ်) အား ပုသိမ်တက္ကသိုလ်မှ နည်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေးပြီး ဆရာ၊ဆရာများအနေဖြင့် သင်ကြားပို့ချမှုအား ကြိုးစား လေ့လာသင်ယူမှတ်သားကြရန်နှင့် မိမိ၏တပည့်များအား လက်တွေ့ကျကျ အကောင်းဆုံး ပြန်လည်သင်ကြားပေးနိုင်ရေးတို့အား မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ကြောင်းသိရသည်။