ပုသိမ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲများအား တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ ပုသိမ်၊ ဟင်္သာတ၊ မအူပင် တက္ကသိုလ်များတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၅၂.၁၆%ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအောင်ချက်အ‌ကောင်းဆုံး ရရှိခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်လာအောင် နှစ်စမှစပြီး ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ကြမည့် ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဖြေဆိုမည့် သူများသည် စာသင်ကြားပေးသည့် နေရာ တစ်ခုခုတွင် တက်ရောက် သင်ယူနေမှသာ အောင်မြင်စွာ ဖြေဆိုနိုင်မည်ဖြစ်ပြီးကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် ကျောင်းသားမိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အလေးထား ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှသာ အဆင့်မြင့်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါ‌ကြောင်း၊ ဆွေးနွေးပွဲရလဒ်များအား ဆရာ၊ဆရာများ အနေဖြင့် သေချာမှတ်သား၍ မိမိ၏ တပည့်များအား နားလည်အောင် ဆင့်ပွားပို့ချပေးရန်ဖြစ်ပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲမှ အကျိုးရှိသော ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ တက်ရောက်လာ သော ဆရာ၊ ဆရာမများနှင့် သင်ကြားဆွေးနွေးပေးမည့် ဆရာကြီး၊ ဆရာမကြီးတို့အနေဖြင့် အပြန်အလှန် ဆွေးနွေးပေးရန်”ပြောကြားသည်။

ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာ့ရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆရာ၊ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများအား ပေးအပ်ရာ  ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး ဆရာ၊ဆရာများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

27-Nov-2022