တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်း ဆင်းပွဲအခမ်းအနားများတက်ရောက်

တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူဆွေးနွေးပွဲ သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့်ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်အသီးသီးမှ ဆရာ၊ဆရာများနှင့် တိုင်းရင်းသားဘာသာစကား သင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က "ယခုသင်တန်းအား နိုင်ငံတစ်ဝှမ်း လုံးရှိ ပညာရေးဒီကရီကောလိပ်များတွင် ဖွင့်လှစ်ဆွေးနွးခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိပါကြောင်း၊တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ဆရာမများ အနေဖြင့်မိမိတတ်ကျွမ်းသည့် ဘာသာရပ် များအပြင် အခြားလိုအပ်သော ဘာသာရပ်များကိုလည်း တစ်ဖက်တစ်လမ်းမှ အားဖြည့်သင်ကြားပေးလျက်ရှိသည်ကို သိရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊သင်တန်းသား ဆရာ၊ဆရာမများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိတာသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမပေးရမှာ ဖြစ်ပါကြောင်း၊  ဆရာ/ဆရာမများသည် လက်ဦးဆရာ ပုံသွင်းသူများဖြစ်သဖြင့် တပည့်များကိုလမ်းမှန်​ရောက်​အောင် လမ်းပြရမည်ဖြစ်​ကြောင်း၊ သင်တန်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုလည်း မိမိတာဝန်ကျရာဒေသများတွင် ဆင့်ပွားမျှဝေခြင်း ထပ်ဆင့်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊  ရရှိလာသည့် ရလဒ်များကိုလည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ "ဆရာ၊ ဆရာမများသည် အမြဲမပြတ်သင်ယူ လေ့လာနေသည့် ထာဝရကျောင်းသားကြီးများဖြစ်သည်"ဆိုသည့်အတိုင်း စာ​ပေပညာရပ်များကို အစဥ်အမြဲ​လေ့လာ​နေဖို့လိုအပ်​ကြောင်း၊ တပည့်​တွေရဲ့ စွမ်းရည်သတ္တိ ကိုယ်ရည်ကိုယ်​သွေးများကို မြှင့်တင်​ပေးရမှာဖြစ်​ကြောင်း၊ လက်ဦးဆရာ​ကောင်းမှ တပည့်​တွေရဲ့ ဘဝ ​ကောင်းမွန်မှာဖြစ်​ကြောင်း၊ ​​​ခေတ်မီဖွံ့ဖြိုးတိုးတက်​သောနိုင်ငံ​တော်တည်​ဆောက်ရာတွင် ပညာ​ရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်​ကြောင်း၊ဆရာ၊ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာပြ ဖြစ်ဖို့ လိုပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် အရင်းတည်ပြီး နိုင်ငံတော်ရဲ့ အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် တပည့်များအား အရည်အချင်းပြည့်ဝသည့် လူတော်လူကောင်းများဖြစ်အောင် လမ်းပြသွန်သင်‌ေပးကြရန်နှင့်တက္ကသိုလ်ဝင်တန်း​အောင်ချက်မြင့်မား​ရေးအတွက် ဝိုင်းဝန်း​ဆောင်ရွက်ရန် တိုက်တွန်း‌ပါ‌ကြောင်း၊" ပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများအား သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြု ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ၏တိုင်းရင်းသားရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများနှင့် နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းများတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ ပုသိမ်၊ ကန်ကြီးထောင့်နှင့် သာပေါင်းမြို့နယ်များအပါအဝင် မြို့နယ်(၇)မြို့နယ်မှ  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမ (၃၇၂)ဦး၊ ဘိုကလေးပညာရေးဒီကရီကောလိပ်၌ ဖျာပုံ၊ဘိုကလေး၊ကျိုက်လတ်မြို့နယ်အပါအဝင် မြို့နယ်(၁၀)မြို့နယ်မှ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမ (၁၃၇)ဦးနှင့် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ မြောင်းမြ၊အိမ်မဲ၊ဝါးခယ်မြို့နယ်များ အပါအဝင် မြို့နယ်(၁၂)မြို့နယ်မှ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ဆရာမ (၄၀၀)ဦးတို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

25-Nov-2022