ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများသည် ပုသိမ်တက္ကသိုလ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ “၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းတက်ရောက်သည့်နေ့တွင် တက္ကသိုလ်၏အင်္ဂါရပ်နှင့် ပိုမိုပြည့်စုံစေရန် Recreation Centreအားဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခင် စာကြည့်တိုက်အဆောက်အဦအား ပြန်လည်ပြုပြင်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် စာပေ၊ ဂီတ၊ အနုပညာ နှင့် အားကစား ဘက်စုံထူးချွန်သော ဘွဲ့ရပညာတတ် များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင်လည်း အဆင့်မြင့်ပညာ အဆင့်မှ တိုင်းဒေသကြီးဂုဏ်ဆောင် အနုပညာရှင်များ ပေါ်ထွက်လာရန် ရည်ရွယ်ပါကြောင်း၊  တက္ကသိုလ်ကြီး၏ အရိပ်ကိုခိုလှုံ၍ ပညာဆည်းပူးကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ဘာသာရပ်အသီးသီးကို လေ့လာဆည်းပူးရင်းဖြင့် ဝါသနာပါရာအလိုက် လေ့လာဆည်းပူး သင်ကြားခွင့် ရရှိပြီး ဘက်စုံထူးချွန်သော ဘွဲ့ရပညာတတ်များ ဖြစ်ပါစေကြောင်း "ပြောကြားကာ အဆောက်အဦအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနုပညာအသင်းခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်၌ ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာအသင်းဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ် အနုပညာအသင်းသို့  တူရိယာ ပစ္စည်းများ ပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် အနုပညာအသင်းဥက္ကဋ္ဌတို့မှ လက်ခံခဲ့ကြောင်း သိရသည်။

21-Nov-2022