ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ဆောင်းရာသီ ဆီထွက်သီးနှံ(နေကြာ)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆီထွက်သီးနှံ နေကြာအား တိုးချဲ့စိုက်ပျိုးလျက် ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းကောင်းပြီး ဆီထွက်ရှိမှုနှုန်းကောင်းသည့် နေကြာမျိုးများအား တောင်သူများထံသို့ အချိန်မီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ များကလည်း လိုအပ်သည်များ ပံ့ပိုးညှိနှိုင်း ပေါင်းစပ်ပေးလျက် ရှိပါကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး အောင်မြင်အောင် စိုက်ပျိုးကြရန် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက်လည်း စီမံပေးထားပါကြောင်း၊ ဆီထွက်သီးနှံ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီး မိမိတို့တိုင်းဒေသကြီး ဆီဖူလုံမှုရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း”ပြောကြားပြီး တောင်သူများထံသို့ နေကြာမျိုးစေ့များ ပေးအပ်သည် ။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့ကွင်းကျေးရွာအုပ်စုရှိ တောင်သူ (၅)ဉီး၏ လယ်ဧက (၂၀)ဧက၌ ပြုလုပ်သည့် ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးစေ့ချပွဲနှင့်ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးကာ နေကြာစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးအောင်ကျော်သိန်း၏ ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ထုတ်စိုက်ခင်း၌ နေကြာစိုက်ပျိုးနေမှုအား ကြည့်ရှုအာပေးသည်။
ထို့နောက် ဝန်ကြီးချုပ်သည် ပုသိမ်(ကံကလေး)-မုံရွာလမ်းမိုင်(၄၄/၆-၄၄/၇) ၁ ဖာလုံနှင့်( ၄၄/၇-၄၅/၂.၅) ၃.၅ ဖာလုံတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းနှင့် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စု၊ ဆောင်းနေကြာ သီးသန့် စိုက်ဧက (၅၀) အတွက် စိုက်ပျိုးရေ ရရှိရေး မရမ်းချောင်းရိုး ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ အလျား(၁.၂၅)မိုင်၊ ထိပ်ဝအကျယ်(၁၈)ပေ၊ အနက်(၆)ပေ တူးဖော်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ သတ်မှတ် ကာလအတွင်းလုပ်ငန်းများ ပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်း စေရေး စိုက်ပျိုးရေကိုတောင်သူများအကျိုးရှိရှိ အသုံးချစေရေးတို့အား လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာ အုပ်စုရှိ တိုးတက်ကုမ္ပဏီ ရာဘာအစေးခြစ်ခြင်းနှင့် ရာဘာကုန်ကြမ်းထုတ်လုပ်မှု အဆင့်ဆင့် တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။ ကုမ္ပဏီအနေဖြင့် ရာဘာ(၅၆၂)ဧက စိုက်ပျိုးထားရာ ယခုအချိန်တွင် (၃၅၀)ဧကခန့်အား စတင်အစေးခြစ်လျက်ရှိပြီး ရာဘာအစေးပြားများကို နေလှန်းခြင်း၊ မှိုင်းခံခြင်း များပြုလုပ်ပြီး အရည်အသွေးစစ်ဆေးရွေးချယ်၍ ထုပ်ပိုးခြင်းများ ပြုလုပ်ကာ ရန်ကုန် ဈေးကွက် သို့ ပို့ဆောင်လျက်ရှိကြောင်းသိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ရေကြည်မြို့နယ်၊ဆီဆုံကုန်းကျေးရွာ အမှတ်(၁၊၂၊၃၊၄)ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေး တို့အားလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)