ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်များအားဂုဏ်ပြုဆုချီးမြှင့်အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် တို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ဇီးချိုင်ဒေသ၊ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်များတွင် အကြမ်းဖက် PDF အဖွဲ့များအား လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုများတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်တို့မှ လည်းကောင်း၊ ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်များတွင် အကြမ်းဖက် PDF အဖွဲ့များအားလက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုများတွင် စွမ်းစွမ်းတမံပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းတို့မှ လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ဖမ်းဆီးရမိလက်နက်ခဲယမ်းများနှင့်လျှို့ဝှက်ဖောက်ခွဲရေးပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့သည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)