တိုင်းဒေသသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် (၁၉)ကြိမ်မြောက်၊ ဝါတွင်းသုံးလ၊ ရက်ပေါင်း(၉၀)နေ့/ည အသံမစဲ အဘိဓမ္မာ(၇) ကျမ်း၊ ပဌန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ကမ္ဘာအေးစေတီတော် ရွှေထီးတော်အထွဋ်တင်မင်္ဂလာအခမ်းအနားတက်ရောက်

(၁၉)ကြိမ်မြောက်၊ ဝါတွင်းသုံးလ၊ ရက်ပေါင်း(၉၀) နေ့/ည အသံမစဲ အဘိဓမ္မာ(၇) ကျမ်း၊ ပဌန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့်  ကမ္ဘာအေးစေတီတော် ရွှေထီးတော်အထွဋ်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျွေးရွာရှိ ရှင်စောမြတ်စေတီတော်ပုရဝဏ်အတွင်းကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင်ဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(နိုင်ငံတော်ဝိနည်းဓိုရ်)ဆရာတော်များ အမှူးပြုသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။ 

ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး  နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် (၁)၊ ဘဒ္ဒန္တပညာဓဇ(အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) ပုဇွန်တောင်ဆရာတော်မှ ငါးပါးသီလချီးမြှင့်တော်မူပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များရွတ်ပွားပူဇော်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ နိုင်ငံတော်ဆရာတော်ကြီးများထံ စိန်ဖူးတော် နှင့်ထီးတော်ဆပ်ကပ်ခဲ့ကြပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(နိုင်ငံတော်ဝိနည်းဓိုရ်) ဒေါက်တာဘဒ္ဒန္တ နန္ဒလင်္ကာရ(အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) သုံးခွမြို့မ၊ ရေလည်ကျောင်းဆရာတော်မှ ပဌာန်းရွတ်ဖတ်ပူဇော်ပြီးစီးမှုနှင့်စပ်လျဉ်း၍ မိန့်ကြားခဲ့ပါသည်။ အဲ့ဒီနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ စေတနာရှင်အလှူရှင်များက ဆရာ တော်ကြီးများနှင့်ပဌာနဘာဏက သံဃာ တော်များအား လှူဖွယ်ဝတ္ထုနှင့်နဝကမ္မ အလှူတော်ငွေများဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သန်လျင်မြို့၊ နယ်လှည့်သစ္စာဓိဌာန် စတုဒီသာနတ်စင်တစ်ရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာတေဇ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ)မှ (၁၉)ကြိမ်မြောက်၊ ဝါတွင်းသုံးလ၊ ရက်ပေါင်း(၉၀)နေ့/ည အသံမစဲ အဘိဓမ္မာ(၇) ကျမ်း၊ ပဌန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲ၏ ရည်ရွယ်ချက်များအားလျှောက်ထားတင်ပြခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် (၁)၊ ဘဒ္ဒန္တ ပညာဓဇ(အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ)ပုဇွန်တောင် ဆရာတော် မှ ရေစက်သွန်းချအနုမောဓနာတရားဟောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ္ဘာအေးစေတီတော်အား စိန်ဖူးတော်၊ရွှေထီးတော်၊ ငှက်မြတ်နားတော်၊အရံစေတီတော်များပင့်ဆောင်တင်လှူပူဇော်ခဲ့ကြပြီးဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

10-Oct-2022