မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့)တွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဝင်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၂၃) ကြိမ်မြောက် သံဃမဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင် ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဝင်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၂) ကြိမ်မြောက်သံဃမဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်ကြပါသည်။
ဦးစွာ သံဃာတော်အရှင်သူမြတ်များမှ သိမ်တော်အတွင်း သံဃမဟာပဝါရဏာပြုပွဲ ဆင်ယင်ကျင်းပတော်မူကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဘုရားအမှူးပြုသော သံဃာတော် (၂၇)ပါးတို့အား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြကြောင်းသိရှိရသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)