ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား နှုတ်ဆက်အားပေး

(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအုပ်ချုပ်နည်းပြများနှင့် တွေ့ဆုံခဲ့ပြီး ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာနာယူမှတ်သားပြီး လိုအပ်သည်များ ပြင်ဆင်ကြရန်၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ ပြိုင်ပွဲဝင်ဘာသာရပ်အားကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးရေးအဖွဲ့များအနေဖြင့်လည်းမိမိတို့ပြိုင်ပွဲဝင်အတွက်အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန်၊  သွားလာနေထိုင်စားသောက်မှုများ ဂရုတစိုက်ဆောင်ရွက်ရန်၊ ကိုဗစ်၁၉ရောဂါကာကွယ်ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့်ကျန်းမာရေးအထူးဂရုပြုကြရန်၊ မော်တော်ယာဉ်များကိုလည်းယာဉ်စည်းကမ်းလမ်းစည်းကမ်းများအတိုင်းမောင်းနှင်ရန်၊ အုပ်ချုပ်မှုယာဉ်များစနစ်တကျလိုက်ပါဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အောင်မြင်မှုရရှိစေရေးကြိုးစားကြရန်ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်တစ်ဦးချင်းအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

08-Oct-2022