ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းကဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကန်တော့ခံဆရာကြီး၊ဆရာမကြီးများနှင့် ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဆရာ၊ဆရာမများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာ့ဂုဏ်ပြုတေး မြတ်ဆရာ သီချင်းသီဆိုဖျော်ဖြေဂုဏ်ပြုပြီး ဆရာများ၏ ဂုဏ်ရည်ကိုဖော်ညွှန်းသည့်ပိုက်စုံရတုဖြင့် ဆရာတစ်ဦးမှ သီဆိုဂုဏ်ပြုခဲ့ကြပါသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးမှ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့လက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အသက် (၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာကြီးများအား ဂါရဝပြုလက်ဆောင်များဖြင့်ပူဇော်ကန်တော့ခဲ့ကြပြီး ဆရာကြီးတစ်ဦးမှကျေးဇူးတင်ဝမ်းမြောက်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက်၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းစာစီစာကုံးနှင့်က ဗျာပြိုင်ပွဲတွင် ဆုရရှိကြသည့်ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြခန်းများကိုလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယုဇနဆောင်ခန်းမတွင် ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲအောင်ချက်မြင့်မားစေရေး ဆရာ၊ဆရာမများ၊ ပညာရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယခုနှစ်သည် စနစ်ဟောင်းနောက်ဆုံးနှစ်ဖြစ်၍ စာမေးပွဲဖြေဆို အောင်မြင်နိုင်စေရေး မိဘများကသားသမီးများ၏ရှေ့ရေးအတွက်အခွင့်အရေးပေးစေလိုပါကြောင်း၊ ပြင်ပဖြေဆိုသူများကိုလည်း အောင်မြင်စွာဖြေဆိုနိုင်ရေး လိုအပ်သည်များတင်ပြပေးရန်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှု၊ ပြင်ပကျောင်းသားကျောင်းသူများအတွက် စာသင်ကြားပို့ချနိုင်ရေးစီစဉ်ဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)