ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဆုရရှိခဲ့သော တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်း ဂုဏ်ပြုပွဲသို့ တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဆုရရှိခဲ့သော တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအား ဂုဏ်ပြုပွဲတက်ရောက်အားပေးခဲ့ပါသည်။

ဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင်ရရှိခဲ့သည့် အသင်းလိုက်တံခွန်စိုက်ဆုဖလားအား တာဝန် ရှိသူများမှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံအပ်နှံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှဂုဏ်ပြုအမှာစကားပြောကြားရာ  ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင်အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိအောင်ကြိုးစားခဲ့ကြသည့် အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများကို  ယခုကဲ့သို့တိုင်းဒေသကြီး၏ ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ထိုက်သင့်သည့်ဂုဏ်ပြုချီးမြှင့်ခြင်းများကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးအားကစားကဏ္ဍ တိုးတက်လာစေရေးအတွက်အားကစားသိပ္ပံကျောင်းရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  တိုင်းဒေသကြီးသည် လူးစွမ်းအားအရင်းအမြစ်များများစွာရှိပြီး မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာစေရေး မြို့နယ်၊ ခရိုင်၊ အခြေခံပညာ၊ အဆင့်မြင့်ပညာအလိုက် စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးကြရမှာဖြစ်ပါကြောင်း၊ဆက်လက်ယှဉ်ပြိုင်ရမည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုကဲ့သို့ တံခွန်စိုက်ဆုဖလားများရရှိစေရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း တိုင်းဒေသကြီးကိုယ်စားပြုမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်လာစေရေး ကြိုးစားကြရန်ပြောကြားခဲ့ပြီးနောက်  ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် တိုင်းဒေသကြီးဘိလိယက်နှင့်စနူကာအသင်းအား ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဘိလိယက်နှင့်စနူကာအသင်းနည်းပြနှင့် အားကစားသမားများက ပြိုင်ပွဲအတွေ့အကြုံများ၊ ယှဉ်ပြိုင်အနိုင်ရရှိမှုများနှင့် လိုအပ်သည်များအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

01-Oct-2022