ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိအရာရှိများမှ မြန်မာ့ရဲသီချင်းဖြင့် ဂုဏ်ပြသီဆိုဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၈၈၇ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ကာ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၁၉၉၅ အောက်တိုဘာလ၁ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့၍ ပြည်သူ့အကျိုးစီးပွားကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ဆောင်ကြဉ်းနိုင်စေရေး အသွင်သဏ္ဍာန်ရောအနှစ်သာရပါပြောင်းလဲလာအောင်အစီအမံများချမှတ်ဆောင်ရွက်ခဲ့ရာ ယနေ့ဆိုရင် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကိုအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ခေတ်နှင့်အညီ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလျက်ရှိရာ (Interpol) အဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာများပူးပေါင်းဆောင်ရွက်မှု၊မှုခင်းသတင်းအ ချက်အလက် များဖလှယ်မှုအပြင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်အဓိကအကျဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အားလုံးဟာ တာဝန်ခံမှုတာဝန်ယူမှုပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်း၊ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နဲ့ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအစဉ်ကြိုးပမ်းလုပ်ဆောင်သွားရန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏သဝဏ်လွှာအားဖတ်ကြားပါသည်။
ဆက်လက်၍ ဆုရတပ်ဖွဲ့ဝင်များအားဆုချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စီမံထူးချွန်တံဆိပ်၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်ရရှိသူများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ ရဲဗလတံဆိပ်ရရှိသူများနှင့် ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူအားလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အကြမ်းဖတ်မှုတားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးအဖွဲ့၏ဆုချီးမြှင့်ခြင်းခံရသူ နှင့်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏အမှုထမ်းကောင်းလတ်မှတ်ရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသမှုအားကြည့်ရှုအားပေးခဲ့ကာအခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပြခန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)