တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ စက်တော်ရာ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံရှိပြည်သူများ၏ မျှော်မှန်းသက်တမ်းမှာ ပျမ်းမျှအားဖြင့် ၆၉.၁ နှစ်ဖြစ်ပြီး အမျိုးသားများ၏ မျှော်မှန်းသက်တမ်းမှာ ၆၉.၅နှစ်၊ အမျိုးသမီးများ၏ မျှော်မှန်းသက်တမ်းမှာ ၇၂.၂နှစ်ရှိသည်ကိုသိရှိရပါကြောင်း၊ တိုင်းဒေသကြီးရှိ ကျုံပျော်မြို့နယ်တွင် အသက် ၁၁၆နှစ် အဘိုးတစ်ဦး၊ မော်ကျွန်းမြို့နယ်တွင် အသက် ၁၁၃နှစ် အဘွားတစ်ဦးတို့ ကျန်းမာစွာနေထိုင်လျက်ရှိရာ အသက်ရာကျော်ဘိုးဘွားများရှိနေတာကိုဝမ်းမြောက်ဂုဏ်ယူစွာတွေ့ရှိရပြီးကျန်းမာရေးစောင့်ရှောက်မှုများမလစ်ဟင်းစေရေးပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ(၁၅)ခုနှင့် ရိပ်သာများရှိ အဘိုးအဘွားများအတွက် ထောက်ပံ့ငွေများကိုလည်း ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဘိုးအဘွားများအသက်ရာကျော်ရှည်၍ ဘာသာသာသနာရေးကိစ္စရပ်များကိုကောင်းမွန်စွာဆောင်ရွက်နိုင်ကြပါစေကြောင်းဆုတောင်းဂုဏ်ပြုစကားပြောကြားခဲ့ပြီး အဘိုးအဘွားများအားလက်အုပ်ချီမိုးပူဇော်ကန်တော့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်တော်ရာဘိုးဘွားရိပ်သာရှိဘိုးဘွားများအတွက်ဆေးပဒေသာပင်အလှူငွေနှင့် ဘိုးဘွားရိပ်သာတည်ဆောက်ရန်အတွက်အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ကျုံပျော်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက်ဆေးပဒေသာပင်အလှူငွေများလှူဒါန်းခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများက စက်တော်ရာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတစ်ဦးချင်းစီအားဆေးပစ္စည်း နှင့်အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြရာ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ကျေးဇူးတင်မေတ္တာပြန်လည်ပို့သပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ အခမ်းအနားသို့မတက်ရောက်နိုင်သော အဘိုးအဘွားများအတွက်ကန်တော့ပစ္စည်းများနေရာအရောက်လှူဒါန်းပေးခဲ့ကြပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စေတနာရှင်များမှ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ (၁၅)ခုအတွက် ဆေးပဒေသာပင်အလှူငွေ၊ ခရိုင်(၈)ခရိုင်ရှိ အသက်အကြီးဆုံးဘိုးဘွားများထောက်ပံ့ငွေ၊ စက်တော်ရာဘိုးဘွားရိပ်သာရှိဘိုးဘွားများအတွက်ထောက်ပံ့ငွေများ လှူဒါန်းထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)